Level -2အဖြစ် မီးငြိမ်းသတ်ခဲ့ရတာပါ။

မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းမှာရှိတဲ့ ယမ်ယမ်ခေါက်ဆွဲစက်ရုံဟာ ဒီကနေ့ ည (၁၀)နာရီခွဲခန့်က စတင်ကာ မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။ 

(၁၀)နာရီခွဲကစတင်လောင်ကျွမ်းရာကနေ မီးများတဲ့အတွက် ၁၀:၅၀ မိနစ်အချိန်မှာ Level -1အဖြစ်သတ်မှတ်ကာ (၁၁)နာရီအချိန်မှာတော့ level -2အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဆက်လက်မီးငြိမ်းသတ်နေရာကနေ ၁၁ နာရီ ၅၀ မိနစ်မှာ မီးထိန်းနိုင်ပြီလို့ သိရပါတယ်။

“ ၁၁:၅၀ အချိန်မှာ မီးထိန်းပါတယ်။ မီးကျန်တွေကိုတော့ ဆက်လက်ငြိမ်းသတ်နေတုန်းပါ။ မီးကများတော့ Level 2 အဆင့်နဲ့ ငြိမ်းသတ်ခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရှိတဲ့သူ ရှိ၊မရှိကတော့ ခုထိရုံးကို သတင်းမရောက်သေးဘူး”လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်ထိ မီးငြိမ်းသတ်နေရဆဲဖြစ်လို့ မြေပြင်မှာဖြစ်ပေါ်တဲ့ အချက်အလက်တွေကိုတော့ သေချာမသိရသေးပါဘူး။

မီးလောင်ပြင်အခြေအနေနဲ့ ပတ်သက်လို့ မီးငြိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို ဖုန်းဖြင့်ဆက်သွယ်ရာမှာလည်း မီးငြိမ်းသတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ မီးလောင်ရတဲ့ အကြောင်းအရင်းကိုမသိရှိရသေးပါဘူး။

Share

Loading Next Article...
က္က