တန်ဟက်ခ်က ရွိုင်ကိန်းတို့အုပ်စုကို ဝေဖန်ခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ မန်စီးတီးနဲ့ အက်ဖ်အေဖလားဖိုင်နယ်မတိုင်ခင်တုန်းက အင်တာဗျူးအစီအစဉ်မှာ ဘောလုံးရုပ်သံဝေဖန်သုံးသပ်သူတွေကို ပြစ်တင်ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်ဟာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်သည်ဖြစ်စေ၊ မဆွတ်ခူးနိုင်သည်ဖြစ်စေ ရာထူးက အထုတ်ခံရမယ်လို့ သတင်းထွက်ခဲ့တာပါ။



မနေ့က ကစားခဲ့တဲ့ မန်စီးတီးနဲ့ အဆိုပါပွဲမှာလည်း ယူနိုက်တက်က ၁-၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ တန်ဟက်ခ်က “ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော့်ကို ချီးကျူးခဲ့တာလည်း ဒီရုပ်သံဝေဖန်သုံးသပ်သူတွေပါပဲ။ ဒါပေမယ့် ဒီရာသီကျတော့ သူတို့ ပါးစပ်ထဲမှာ ကျွန်တော်က အဆိုးရွားဆုံး နည်းပြတစ်ယောက်ဖြစ်နေပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဒီလိုမျိုး တန်ဟက်ခ်ရဲ့ ပြောစကားအပေါ် ရွိုင်ကိန်းက “တန်ဟက်ခ်က သူ့အမြင်သူ ပြောတာပါ။ ကျွန်တော့်အထင် နည်းပြအများစုက ရုပ်သံဝေဖန်သုံးသပ်သူတွေကို မကြိုက်ကြပါဘူး။ တန်ဟက်ခ်ကတော့ ကျွန်တော်နဲ့ အဆင်ပြေတယ်ထင်တာပါပဲ။ အခု ဒီမှာ​ရှိနေတဲ့သူတွေနဲ့ရောပေါ့”

“နည်းပြတစ်ယောက်ရဲ့ ခရီးလမ်းမှာ ဒါတွေက အစိတ်အပိုင်းတစ်ခုပါပဲ။ လူတွေပြောသမျှကို သဘောတူနေစရာမလိုပါဘူး။ ငါတို့က ယူနိုက်တက်ကစားသမားဟောင်းတွေလေ။ ငါတို့ ရှိခဲ့တဲ့ အဆင့်အတန်းကို မင်းပြန်ကြည့်လိုက်စမ်းပါ”

“ယူနိုက်တက်တို့ ဒီပွဲကနေ အလှည့်အပြောင်းဖြစ်သွားဖို့ မျှော်လင့်ပါတယ်။ တန်ဟက်ခ်ကို ဂုဏ်ပြုရတဲ့အတွက် ပျော်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းလအနည်းငယ်မှာ အသင်းက လုံလောက်တဲ့ စွမ်းဆောင်ရည်ကောင်းမရှိခဲ့ပါဘူး။ သူ ဒီအတွက် ကုစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က