အကြောက်လွန်တဲ့ အခါမျိုးမှာ ရုတ်တရတ် နှလုံးခုန်ရပ်သွားနိုင်သလို ထိန့်လန့်စရာမြင်ကွင်းမျိုးနဲ့ ရုတ်တရက် ကျယ်လောင်တဲ့ အသံတွေကြားရတဲ့အခါမျိုးမှာလည်း နှလုံးခုန်ရပ်သွားတာမျိုးဖြစ်တတ်ကြပါတယ်။

နှလုံးခုန်ရပ်ခြင်းက အသက်သေဆုံးနိုင်ပြီး နှလုံးပြန်ခုန်လာအောင် အချိန်မှီ မပြုလုပ်နိုင်ရင်အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

Photo: Adobe Stock

လူတွေဟာ အကြောက်လွန်တဲ့ အခါမျိုးမှာ ရုတ်တရက် နှလုံးခုန်ရပ်သွားနိုင်သလို ထိန့်လန့်စရာမြင်ကွင်းမျိုးနဲ့ ရုတ်တရက် ကျယ်လောင်တဲ့ အသံတွေကြားရတဲ့အခါမျိုးမှာလည်း နှလုံးခုန်ရပ်သွားမျိုးဖြစ်တတ်ကြပါတယ်။ ရုတ်တရက် နှလုံးခုန်ရပ်တာဟာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဆေးရုံ ဆေးခန်းသွားတဲ့ အချိန်အတွင်းမှာပဲ အသက်ဆုံးရှုံးနိုင်ပြီး ဆေးရုံဆေးခန်းအရေးပေါ်သွားတာထက် အချိန်မီအတွင်း နှလုံးပြန်ခုန်လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ရုတ်တရက် နှလုံးခုန်ရပ်သွားတဲ့အခါ ဖြစ်တဲ့နေရာမှာပဲ ရှေးဦးသူနာပြုနည်းတွေနဲ့ အရင်ဆုံး နှလုံးပြန်ခုန်လာအောင်ပြုလုပ်ပါ။ ပြီးမှ လိုအပ်ရင် ဆေးရုံဆေးခန်းကိုသွားပါ။ ရှေးဦးသူနာပြုနည်းတွေနဲ့ နှလုံးပြန်ခုန်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ 

Photo: Medical Health

ရုတ်တရက် နှလုံးခုန်ရပ်သွားနိုင်တဲ့ လက္ခဏာများ

ရုတ်တရက် နှလုံးရပ်သွားတဲ့သူတွေဟာပြိုလဲကျပြီး ခန္ဓာကိုယ် မလှုပ်မယှက်နဲ့ သတိလစ်သွားတတ်ပါတယ်။ လဲကျသွားတဲ့အခါမျိုးမှာ လက်ကောက်ဝတ်သွေးခုန်နှုန်းစမ်းမရတော့သလို အသက်လည်းမရှူနိုင်တော့ပါဘူး။ အခန့်မသင့်ရင် တစ်ခါတည်းအသက်ပါ သေဆုံးသွားနိုင်ပါတယ်။ ရုတ်တရက် နှလုံးခုန်ရပ်တဲ့သူတွေဟာ လဲမကျခင်မျိုးမှာ အားကုန်သလိုဖြစ်ပြီး ခေါင်းမူတာ၊ ရင်ဘတ်နာတာမျိုးနဲ့ အသက်ရှုမဝဖြစ်ပြီး ရင်တုန်ခြင်းစတဲ့ လက္ခဏာမျိုးတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ရုတ်တရက် နှလုံးခုန်ရပ်ခြင်းက နှလုံးရောဂါရှိတဲ့ သူတွေမှာ အဖြစ်များပြီး နှလုံးကောင်းတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။

Photo: American Health

လူနာအား ရှေးဦးသူနာပြုပုံ

အရင်ဆုံးနီးစပ်ရာကို အကူအညီတောင်းပြီး လူနာတင်ကားကိုဖုန်းဆက်ခေါ်ထားပါ။ လူနာတင်ကားရောက်မလာခင်မှာ ရှေးဦးသူနာပြုနည်းနဲ့ နှလုံးပြန်ခုန်လာအောင်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ လူနာကို ပါးစပ်ခြင်းတေ့ပြီး အသက်ပြန်ရှုလာအောင်ပြုလုပ်တဲ့ နည်းကို အသုံးပြုပါ။ ရင်ဘတ်ကို လက်ဖနှောင့်နဲ့ ဆက်တိုက် (၅)ကြိမ် (၆)ကြိမ်ခန့်ဖိပေးပါ။ အဲဒီလို ရင်ဘတ်ကို (၁၀)ကြိမ်လောက်ပြုလုပ်ပေးခြင်းဖြင့်လည်း နှလုံးပြန်ခုန်လာအောင်ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းတွေက လူနာအသက်မဆုံးရှုံးနိုင်အောင် ရှေးဦးသူနာပြုနည်းတွေဖြစ်ပြီး ဒီနည်းလမ်းတွေနဲ့ လူနာတင်ကားရောက်မလာခင်အထိ အသက်ကယ်နည်းကို ဆောင်ရွက်ပေးနိုင်ပါတယ်။

Photo: London

ရုတ်တရက် နှလုံးရပ်သွားနိုင်တဲ့ အခြေအနေ

အကြောက်လွန်တဲ့ အခါမျိုးမှာ ရုတ်တရတ် နှလုံးခုန်ရပ်သွားနိုင်သလို ထိန့်လန့်စရာမြင်ကွင်းမျိုးနဲ့ ရုတ်တရက် ကျယ်လောင်တဲ့ အသံတွေကြားရတဲ့အခါမျိုးမှာလည်း နှလုံးခုန်ရပ်သွားတာမျိုးဖြစ်တတ်ကြပါတယ်။ ဒါ့အပြင် ဆေးအလွန်အကျွံသောက်သုံးမိတဲ့အခါ၊ မီးခိုး၊ ယမ်းငွေ့တွေ ရှူရှိုက်မိတဲ့အခါမျိုးနဲ့ ဓာတ်လိုက်တာ မိုးကြိုးပစ်တဲ့အခါမျိုးတွေမှာလည်း ရုတ်တရတ်နှလုံးရပ်နိုင်ပါတယ်။ ရုတ်တရတ်နှလုံးရပ်တာနဲ့ အသက်ရှင်နိုင်ဖို့က (၅၀)% သာရှိပြီး အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ နှလုံးရောဂါရှိတဲ့သူတွေမက နှလုံးကောင်းတဲ့သူတွေကိုလည်း အသက်အန္တရာယ် ပေးနိုင်ပါတယ်။

ရုတ်တရတ်နှလုံးရပ်သွားတဲ့လူနာတချို့ဟာ ဆေးရုံမရောက်နိုင်ဘဲ ဖြစ်တဲ့နေရာမှာတင် အသက်ဆုံးရှုံးတက်ပါတယ်။ ရုတ်တရတ် နှလုံးခုန်ရပ်တာက မိနစ်ပိုင်းအတွင်း နှလုံးပြန်ခုန်လာအောင် မလုပ်နိုင်ရင် လူနာရဲ့ ဦးနှောက်ပျက်စီးသွားပြီး အသက်ပြန်ရှင်လာအောင်မပြုလုပ်နိုင်တော့ပါဘူး။ (၄)မိနစ်နဲ့ (၆)မိနစ်အတွင်းမှာ လူနာကို နှလုံးပြန်ခုန်လာနိုင်အောင် ပြုလုပ်ပေးဖို့လိုပါတယ်။ အချိန်မိနစ်ပိုင်းသာရတဲ့အတွက် ဆေးရုံ၊ဆေးခန်းပို့ဖို့ အချိန်မလုံလောက်တာကြောင့် ရှေးဦးသူနာပြုနည်း အခြေခံ အသက်ကယ်နည်းက လူနာအသက်ရှင်ဖို့ အထောက်အကူဖြစ်စေမှာပါ။ လူနာ ရုတ်တရတ် လဲကျသွားတာနဲ့ ရှေးဦးအသက်ကယ်နည်းကို အချိန်မစောင့်ဆိုင်းပဲ ချက်ချင်းဆောင်ရွက်ပေးပါ။ လူနာနှလုံးပြန်ခုန်လာတဲ့အခါမျိုးမှာ လိုအပ်ရင် ဆေးရုံပို့ဖို့အတွက်ကိုလည်း အဆင်သင့်ပြင်ဆင်ထားသင့်ပါတယ်။ ရုတ်တရက်နှလုံးရပ်တာက လူတိုင်းအချိန်မရွေးဖြစ်နိုင်တဲ့ အနေအထားတစ်ခုဖြစ်လို့ ရှေးဦးအသက်ကယ်နည်းတွေကိုတော့ သိထားဖို့လိုတယ်လို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က