ကျန်အသင်းတွေလို ချန်ပီယံလိဂ်က ပြုတ်လာတာမဟုတ်ဘဲ ပြိုင်ပွဲအစကနေ ကစားခဲ့တာလို့ ဆိုလိုတာပါ။

ရိုးမားနည်းပြကြီး မော်ရင်ဟိုက ဒီရာသီ ယူရိုပါလိဂ်ဖလားကို သူတို့အသင်း ဆွတ်ခူးထားနိုင်ခဲ့ပြီးပြီလို့ ပြောဆိုလိုက်ပါတယ်။ ရိုးမားဟာ လေဗာကူဆင်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဒီနေ့မှာ ကစားရဖို့ရှိနေပြီး ပထမအကျော့က ၁-၀ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဗိုလ်လုပွဲတ​ောင် မရောက်ခဲ့သေးပေမယ့်လည်း မော်ရင်ဟိုကတော့ သူ့ အသင်း ဗိုလ်စွဲထားပြီးပြီလို့ အံ့အားသင့်ဖွယ်ရ​ာ ပြောဆိုခဲ့တာပါ။ 

မော်ရင်ဟိုကတော့ ရိုးမားနဲ့အတူ ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုအခါမှာလည်း နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ၄ သင်းထဲမှာ ဒီပြိုင်ပွဲကို အစကနေ စတင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းအဖြစ် သူ တသင်းတည်းသာရှိနေခဲ့ပြီး ကျန် ၃ သင်းကတော့ ချန်ပီယံလိဂ်ကနေ ပြုတ်လာပြီးမှ ကစားရတာဖြစ်လို့ မော်ရင်ဟိုက အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။ 

"ကျနော့်မှာသာ အနိုင်ယူဖို့၊ ကြိုးစားအားထုတ်ဖို့ဆိုတဲ့ ရည်မှန်းချက်မရှိခဲ့ဘူးဆိုရင် ကျနော်တို့ ရိုးမားအသင်းက ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီလို့ ပြောဖို့က အရမ်းလွယ်ကူပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ယူရိုပါလိဂ်ဖလားက ပြိုင်ပွဲအစကနေ ဝင်ရာက်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းအတွက်ဆိုရင် ရိုးမားက ဗိုလ်စွဲနေနှင့်ပြီးပါပြီ၊


"ဂျူဗီ၊ ဆီဗီလာနဲ့ လေဗာကူဆင်တို့က ဒီပြိုင်ပွဲကို တဝက်တပျက်ကနေ ဝင်ပြိုင်ခဲ့တဲ့အသင်းတွေဖြစ်ပြီး ရိုးမားကသာ အစကနေ ယှဉ်ပြိုင်ခဲ့ရတဲ့ အသင်းမို့လို့ပါပဲ၊ ဒါကြောင့် ရိုးမားက ဒီဖလားကို ရထားပြီးနေပါပြီ"

"ဒါပေမယ့် ဒါက သီအိုရီသက်သက်ပါ၊ ကျနော်တို့ရဲ့ ရည်မှန်းချက်က အနိုင်ရဖို့ပါ၊ လေဗာကူဆင်ကို ကျနော် အရမ်းလေးစားတယ်ဆိုတာကို ပြောချင်ပေမယ့် ယူရိုပါလိဂ်မှာ ကစားဖို့အတွက် တည်ဆောက်ထားတဲ့ အသင်းတသင်းက တန်ဖိုးရှိပါတယ်၊ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ကစားဖို့ ရင်းနှီးမြုပ်နှံထားတဲ့ အသင်းထက် ယူရိုပါလိဂ်မှာ ၁၄ ပွဲကစားရတဲ့ အသင်းက ပိုတန်ဖိုးရှိပါတယ်" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။ 

ဒီနေ့ပွဲမှာသာ ရိုးမားက အနည်းဆုံးသရေကစားနိုင်ခဲ့မယ်ဆိုရင်တော့ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာဖြစ်ပြီး ရိုးမားကို ၂ရာသီဆက်တိုက် ဥရောပအဆင့် ဗိုလ်လုပွဲတွေကို မော်ရင်ဟိုက ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က