အိမ်ရာအဆောက်အအုံ အကောင်အထည်ဖော် တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ရိုမေးနီးယားနိုင်ငံရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်

အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့အတွင်းရှိ လူရှိမနေတဲ့ ရုံးခန်းအဆောက်အအုံပေါ်ကို ကိုင်ပိုင်လေယာဥ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၈ ဦးလုံး သေဆုံးသွားခဲ့ပါတယ်။

ဆာနီနီယာကျွန်းကို ဦးတည်ပျံသန်းတဲ့ လေယာဥ်ဟာ မီလန်မြို့ရှိ Linate လေဆိပ်ကနေ ထွက်ခွာလာခဲ့ပြီးနောက် ပျက်ကျခဲ့တာဖြစ်ပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဥ်ရဲ့ လေယာဥ်မှူးဟာ အသက် ၆၈ နှစ်အရွယ် ရိုမေးနီးယားလူမျိုး ဘီလျံနာ Dann Petrescu ဖြစ်ကြောင်း သိရပါတယ်။



၎င်းဟာ ဇနီးနဲ့သား အပါအဝင် လေယာဥ်ပေါ်မှာ လိုက်ပါလာသူတွေနဲ့အတူ သေဆုံးသွားခဲ့တယ်လို့ အီတလီမီဒီယာက ဖော်ပြပါတယ်။ လေယာဥ်ဟာ ရုံးခန်းအဆောက်အအုံပေါ်ကို ပျက်ကျခဲ့ပြီးနောက် ရပ်ထားတဲ့ကားများ မီးလောင်ခဲ့ပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း မြေပြင်မှာရှိနေသူ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ အာဏာပိုင်တွေက လေယာဥ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ပါတယ်။

(Photo: EPA)

မျက်မြင်အချို့ရဲ့ ပြောကြားမှုအရ အင်ဂျင်တစ်လုံးတပ် Pilatus PC-12 အမျိုးအစား လေယာဥ်ဟာ ပျက်ကျလာစဥ်ကတည်းက မီးတောက်လောင်နေခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော့်အိမ်ပေါ်ကနေ လေယာဥ်အင်ဂျင်ပိတ်လိုက်တဲ့အခါ ကြားရတဲ့အသံလိုမျိုး ကြားလိုက်ရပါတယ်၊ ပြီးတော့ ပေါက်ကွဲသံ အကျယ်ကြီး ထပ်ကြားရတယ်၊ အိမ်ပြတင်းပေါက်တွေ လှုပ်ရမ်းလာတယ်၊ ပြတင်းပေါက်ဖွင့်ပြီး အပြင်ကိုကြည့်တော့ မီးခိုးလုံးကြီးထွက်လာတာ တွေ့ရတယ်" လို့ ဒေသခံအမျိုးသား Giuseppe က Reuters သတင်းဌာနကို ပြောပါတယ်။

ကိုယ်တိုင်မောင်းလာတဲ့ လေယာဥ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ ဘီလျံနာ Dan Petrescu ဟာ အိမ်ရာအဆောက်အအုံ အကောင်အထည်ဖော် တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ရိုမေးနီးယားနိုင်ငံရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဘီလျံနာနဲ့အတူ ဇနီးနဲ့ အသက် ၃၀ အရွယ် ၎င်းတို့ရဲ့သားဖြစ်သူ လိုက်ပါလာကြောင်းနဲ့ လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေအနက် ကလေးတစ်ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က