ဒီညပွဲမှာ မက်ဆီတယောက်တည်း တိုက်စစ်ကိုဦးဆောင်ရမှာပါ။

PSG တိုက်စစ်ပိုင်းမှာ အဓိက ကစားသမားဖြစ်တဲ့ အမ်ဘာပေ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာကြောင့် ဒီည လော်ရီးယန့်နဲ့ ကစားမယ့် ပွဲမှာ မက်ဆီတယောက်တည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ရတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



တိုက်စစ်အတွက် နောက်ထပ်အရေးကြီးတဲ့ နေမာကလည်း စိန့်အက်တီယန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လက်ရှိအချိန်ထိ အနားယူနေရဆဲဖြစ်ပြီး အခုချိန်မှာ အမ်ဘာပေကပါ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်လာရတာပါ။ အမ်ဘာပေဟာ မကြာခင်က Football Observatory က ထုတ်ပြန်ခဲ့တဲ့ ပြင်သစ်လီဂူး တနှစ်တာ အကောင်းဆုံး အသင်းမှာ မက်ဆီကို ကျော်ပြီး ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

အမ်ဘာပေအနေနဲ့ ပြင်သစ်လီဂူးပွဲစဥ်တွေမှာ မက်ဆီထက် ခြေစွမ်းပိုပြထားတယ်လို့ အချက်အလက်တွေက ဖော်ပြနေကြသလို အများကလည်းလက်ခံထားကြပြီး နောက်ကျ အနိုင်ဂိုးတွေကိုလည်း မကြာခဏ သွင်းယူပေးနေကျပါ။ မက်ဆီဟာ ချန်ပီယံလိဂ်မှာ ပုံမှန်ခြေစွမ်းပြသထားပေမယ့် ပြည်တွင်းမှာတော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် အခုလိုမျိုး မက်ဆီတယောက်တည်း အသင်းတိုက်စစ်ကို ဦးဆောင်ရမှာက သူ့အတွက် စိန်ခေါ်မှုဖြစ်လာမယ်လို့ အားလုံးက သုံးသပ်ထားကြပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ ထွက်ခွာလာပြီးနောက်ပိုင်း မက်ဆီတယောက် ပဲရစ်မြို့မှာ အထိုင်ကျဖို့ ရုန်းကန်နေရသေးတယ်လို့ ယုံကြည်နေပြီး အထူးသဖြင့် ပြည်တွင်းပွဲစဥ်တွေမှာ သူ့အတွက် ကစားရကျပ်နေဆဲပါ။

အဲ့ဒါကြောင့် ဒီတကြိမ် မက်ဆီတယောက်တည်း အဝေးကွင်းမှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ရမှာက သူ့အတွက် အဓိကစိန်ခေါ်မှုဖြစ်လာမယ်လို့ဆိုနေကြပြီး ဒီအရာကိုသာ မက်ဆီ ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့ရင် သူ့အတွက် မျက်နှာပန်းလှသွားမယ်ဆိုပေမယ့် အခြေအနေမလှခဲ့ရင်တော့ မက်ဆီအတွက် တော်တော်လေး ဖိအားများသွားမှာလည်းဖြစ်ပါတယ်။ 

Share

က္က