မတ်လ ၂၀ ရက်နေ့ကစပြီး Pre-Order မှာနိုင်မှာပါ

HarmonyOS 2 သုံး ၁၀.၄ လက်မဆိုဒ် Huawei MatePad သစ်ကို ပြည်တွင်းဈေးကွက်မှာ တင်သွင်းရောင်းချတော့မယ်လို့ ဆိုပါတယ်။ 

Huawei M-Pencil Package (2nd Gen) နဲ့ တွဲသုံးနိုင်မယ့် Huawei MatePad သစ်ဟာ Smart Office နဲ့ သင်ကြားရေးပိုင်းအတွက် သင့်လျော်တဲ့ ထုတ်ကုန်အဖြစ် ထွက်လာတာပါ။ M-Pencil နဲ့ တွဲသုံးနိုင်တာကြောင့် မှတ်စုမှတ်တဲ့ Apps တွေ သုံးနိုင်သလို စမတ် Features အစုံအလင်ပါတာကြောင့် ကျောင်းသားသုံးအဖြစ်လည်း အကောင်းဆုံးအတွေ့အကြုံတွေ ပေးနိုင်မယ့် တက်ဘလက်လို့ Huawei က ကြေညာပါတယ်။ 






2K Resolution ရုပ်ထွက်ပါရှိပြီး FullView ဆန်တဲ့ Display ကြောင့် သင်ကြားရေးနဲ့ ရုံးသုံးအပြင် Video Conferencing ၊ အွန်လိုင်းသင်တန်းတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ အမိုက်စားလုပ်ဆောင်ချက်တွေ သုံးနိုင်မှာ ဖြစ်ပါတယ်။ အသံစနစ်အနေနဲ့ Quad-Channel ၊ Quad-Speaker အသံစနစ်အပြင် Harman Kardon အသံနည်းပညာနဲ့ မိုက်ခရိုဖုန်း ၃ လုံးအပါအဝင် အသံဆူညံစစ်ထုတ်မှုနည်းပညာပါ ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ 

ဒီဇိုင်းပိုင်းမှာ ရိုးရှင်းပေါ့ပါးသပ်ရပ်တဲ့ Minimalist စတိုင်နဲ့ လာပြီး ဘောင်ကို မသိမသာကွေးထားတဲ့ micro-Curved Frame နဲ့ တည်ဆောက်ထားပါတယ်။ Huawei MatePad ဟာ Huawei Smart Keyboard နဲ့ Bluetooth စနစ်သုံး ချိတ်ဆက်နိုင်လို့ ကီးဘုတ်နဲ့ စာရိုက်ရအားသန်သူတွေအတွက် စာစီစာရိုက်မှုကို ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ mouse နဲ့ပါ ချိတ်ဆက် သုံးနိုင်တာကြောင့် အသုံးပြုမှု ပိုလွယ်ကူစေနိုင်ပါတယ်။

Huawei ရဲ့ တခြားထုတ်ကုန်တွေနဲ့ပါ ချိတ်ဆက်နိုင်ဖို့ HarmonyOS 2 စနစ် သုံးထားပြီး စမတ်ဖုန်းတွေနဲ့တိုက်ရိုက်ချိတ်ဆက်ကာ ဖုန်းနဲ့ တက်ဘလက်အကြား Drag&Drop လုပ်ပြီး ဖုန်းကို တက်ဘလက်ကနေတစ်ဆင့် ထိန်းချုပ်နိုင်မှာပါ။ PC ကွန်ပျူတာနဲ့လည်း ချိတ်ဆက်နိုင်တာကြောင့် PC Keyboard နဲ့ Mouse ကို သုံးပြီး ဖိုင်တွေ လွယ်လွယ်ကူကူ ပြောင်းရွှေ့နိုင်သလို Mirror Mode ၊ Extend Mode ၊ Collaborate Mode တွေ သုံးပြီးလည်း ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ 

Huawei MatePad မှာ 7250mAh ဘက်ထရီ ထည့်ထားပြီး 22.5W SuperCharge နည်းပညာကြောင့် ၂ နာရီခွဲနဲ့ အားအပြည့်သွင်းနိုင်သလို 1080p HD ဗွီဒီယိုတွေကို ၁၂ နာရီကြာဆက်တိုက် ကြည့်နိုင်မယ်လို့ ဆိုပါတယ်။ Huawei MediaPad (4/128GB) ကို Grey တစ်ရောင်တည်းနဲ့လာပြီး ကျပ် ၈၇၉၀၀၀ ကျပ်နဲ့ pre-order တင်နိုင်မယ်လို့လည်း ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က