အာဆင်နယ်တို့ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

အာဆင်နယ်ကတော့ ဒီပွဲမှာ ရမ်စ်ဒေးလ်၊ တိုမီယာဆု၊ ဘင်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ ဆာကာ၊ ပါတေး၊ ချာကာ၊ မာတီနယ်လီ၊ အိုဒီဂတ်နဲ့ လာကာဇက်တို့ကိုပွဲထုတ်ခဲ့ပြီး ခြေကျနေတဲ့ အူဘာမီးယန်းနဲ့ ဒဏ်ရာပြဿနာရှိနေတဲ့ စမစ်ရိုးတို့ မပါဝင်ခဲ့ပါဘူး။



အသင်းကြီးတွေနဲ့ တွေ့ရင် ခြေစွမ်းအကုန် ထုတ်ကန်နေကျ ဆောက်သမ်တန်ကလည်း အမ်းစ်ထရောင်း၊ ဝက်ဒ်ပရော့စ်၊ ဒီယာလို၊ ရက်ဒ်မွန်း၊ ဝေါ်လ်ကာပီတာစ်၊ လီဗရာမန်တိုတို့နဲ့ ပွဲထွက်ခဲ့ပြီး အာဆင်နယ်ကို အဝေးကွင်းမှာ တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာဆို နိုင်ပွဲပျောက်နေကျ အာဆင်နယ်တို့ ဒီပွဲကို အနိုင်ရဖို့ အားကုန်ထုတ်သုံးခဲ့ပြီး စောစောစီးစီး ဂိုးပြတ်သွားခဲ့တာကြောင့်လည်း အာဆင်နယ်တို့ အခုလို အောင်ပွဲခံနိုင်ခဲ့တာပါ။ ပွဲကစားချိန် မိနစ် (၂၀) မှာ ဆာကာရဲ့ ဖန်တီးပေးမှုကတဆင့် လာကာဇက်ကို အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

အဲ့ဒီနောက် (၆) မိနစ်အကြာမှာပဲ အိုဒီဂတ်က တီယာနေးရဲ့ ဖန်တီးပေးပို့မှုကတဆင့် အာဆင်နယ်အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အာဆင်နယ်တို့အတွက် လက်ကျန်ပွဲကစားချိန်မှာ ဖိအား အတော်လေး လျော့သွားခဲ့ပါတယ်။

ပွဲသိမ်းဂိုးကိုတော့ ပွဲကစားချိန် (၆၁) မိနစ်မှာ နောက်ခံလူ ဂါဘရီရယ်က သွင်းယူပေးခဲ့ပြီး အာဆင်နယ်တို့ ဆောက်သမ်တန်ကိအား အတော်လေး လျော့သု အိမ်ကွင်းမှာ (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲက အာဆင်နယ်အတွက် အခု ဒီဇင်ဘာအတွင်း ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာအတွင်း ကစားခဲ့တဲ့ ရှေ့နှစ်ပွဲမှာတော့ ယူနိုက်တက်၊ အဲဗာတန်တို့ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ 

Share

က္က