၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အဖြစ်အပျက်တွေက လက်စားချေဖို့အတွက်ရှိနေခဲ့ပါတယ်။

ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ ဥရုဂွေးနဲ့ ပြန်လည်ရင်ဆိုင်ရမယ်ဆိုတာ သေချာခဲ့တဲ့နောက် လက်စားပြန်ချေရမယ့်အချိန်ရောက်ပြီလို့ ဂါနာဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ကြုံးဝါးလိုက်ပါတယ်။ ဒီနှစ်သင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့ကြပြီး တဖက်တဂိုးစီသရေပွဲဖြစ်ခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်မှာ ဂါနာတို့ အရေးနိမ့်ခဲ့ပါတယ်။ 

အဆိုပါပွဲရဲ့ ပွဲချိန်နောက်ဆုံးမိနစ်မှာ ဂါနာက သေချာပေါက်အနိုင်ဂိုးရမယ့် အချိန်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က ဂိုးထဲဝင်မယ့်ဘောလုံးကို လက်နဲ့ပုတ်ထုတ်ကာကွယ်ခဲ့လို့ ဂါနာတို့နစ်နာခဲ့ရပေမယ့် ဆွာရက်ဇ်အနီကတ်ပြသခံခဲ့ရသလို ဂါနာလည်း ပင်နယ်တီကန်ခွင့်ရခဲ့ရာမှာ အဆာမိုဂျန်လွဲချော်ခဲ့လို့ ထပ်မံနစ်နာခဲ့ရပါတယ်။ 

ဒီအတွက် အချိန်ပိုဆက်လက်ကစားပြီး ဂိုးမသွင်းနိုင်လို့ ပင်နယ်တီကန်ရမှာလည်း အဆာမိုဂျန်က ထပ်လွဲခဲ့ပြီး ဥရုဂွေးတို့ အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို ဂါနာမမေ့သေးဘ​ဲ မဲခွဲအပြီးမှာတော့ ဥက္ကဌဖြစ်သူက "လက်စားချေရမယ့် အချိန်ရောက်ပြီလို့ ကျနော်တို့ ယုံကြည်ပါတယ်၊ အဲဒီပွဲကို ကျနော်တို့နိုင်ပြီလို့ ထင်ခဲ့ပါတယ်"

"ဒါပေမယ့် ဆွာရက်ဇ်က လက်နဲ့တားပြီး ကာကွယ်ခဲ့ပါတယ်၊ သူတို့နဲ့ ကွင်းထဲမှာ နောက်တကြိမ်ပြန်တွေ့ရမှာက အရမ်းစိတ်ဝင်စားစရာပါပဲ၊ ၂၀၁၀ တုန်းက အမှတ်တရတွေကို ပြန်ပြီးတော့ ရရှိလိုက်သလိုပါပဲ၊ ဒီအရာတွေကို အမှန်အတိုင်းပဲ ကျနော်တို့သိမြင်ထားဖို့ အရမ်းကြီးပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။


ဆွာရက်ဇ်ကတော့ အခုအခါမှာ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဥရုဂွေးနဲ့အတူ ကာတာကမ္ဘာ့ဖလားကို လိုက်ပါဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က