သဝန်တိုလွန်းတဲ့ယောကျာ်းဖြစ်သူအ ကြောင်းကို ပြောပြလာတာပါ။

ကိုယ်ဝန်၉လ ထဲကိုရောက်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် ဘေဘီမောင်က တော့ သြဂုတ်လထဲမှာ သမီးလေးကို မွေးဖွားတော့မှာဖြစ်ပါတယ်။ ကိုယ်ဝန်လေးနဲ့လည်းလှသွေးကြွယ်နေဆဲ ဘေဘီမောင်က တော့ သမီးလေးဗိုက်လေးနဲ့ လှပစွာ ဗိုက်လှန်ပြီး ရိုက်ချင်ပေမယ့် ယောကျာ်းဖြစ်သူ အဆိုတော်သားဂန်းရဲ့ ခွင့်ပြုချက်မရလို့ မရိုက်ဖြစ်တဲ့အ ကြောင်းကို ပြောပြလာပါတယ်။ 

"ယောကျာ်းက ဗိုက်လှန်ပြီး မရိုက်နဲ့တဲ့။ ဘာလို့လဲဆိုတော့ သူပဲ လှန်ကြည့်တာ၊ ဗိုက်ပြောတာနော်(ရယ်လျှက်) ၊ အကြောမပြတ်အောင် သူပဲ ညတိုင်းဆေးလိမ်းပေးတာဆိုတော့ မနက်တစ်ခါ ညတစ်ခါ သူပဲ ဆေးလိမ်းလိမ်းပေးပြီး သူ့သမီးလေးကိုသီချင်းလေးဆိုပေးပြီး တော့ပေါ့။ ဖအေ ဆိုတော့စကားတွေလည်းပြောပြီးတော့ ရူးတာပေါ့ကွယ်။ မောင်ပဲ လှန်မယ်တဲ့၊ သူများလှန်မပြနဲ့တဲ့၊ ကိုယ်ကလည်းပြန်နောက်တယ်။ က လေးမွေးပြီးရင် လှအောင်နေပြီး ဘီကီနီနဲ့ ရိုက်မှာနော်ဆိုပြီး ပြောလိုက်တော့ ဘာမှ ပြန်မပြောဘူး။ အဓိကက တော့ ယောကျာ်းရဲ့ ခွင့်ပြုချက် မရလို့ပါ၊ မွေးပြီးလို့ရှိရင်တော့ လှအောင်နေမယ်။ အလန်းလေးတွေရိုက်ချင်သေးတယ်" ဆိုပြီး ဘေဘီမောင်က ပြောပြလာပါတယ်။

သရုပ်ဆောင်ဘေဘီမောင်ကတော့ မကြာခင် သမီးလေးမေမေ ဖြစ်တော့မှာမို့ အလုပ်တွေကို အရင်ထက် ပိုကြိုးစားပြီး အဆင်ပြေလာပါတယ်တဲ့။

"အရာအားလုံးက သမီးလေးအတွက်ဆိုပြီးတော့ဖြစ်လာတာ။ ကံကံ၏ အကျိုးနဲ့လည်း ဆိုင်တယ်။ စီးပွားရေးတွေကလည်း ငယ်ငယ်ကထက် ပိုပြီး လုပ်နိုင်လာတယ်။ သမီးလေးကြောင့်လည်းပိုပြီးကြိုးစားဖြစ်လာတယ်။ သမီးလေးရှိတယ်ဆိုပြီး သူ့ဘ၀ လေးပိုကောင်းစားလာအောင် ပိုကြိုးစားမယ်ဆိုတဲ့စိတ်နဲ့လုပ်နိုင်လာတယ်။ သမီးလေးရဲ့ အကျိုးပေးလည်းပါသလို ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားမှုနဲ့လည်းဆိုင်ပါတယ်"လို့သမီးလေးအတွက်စီးပွားရေးတွေ ပိုလုပ်ဖြစ်တဲ့အ ကြောင်းကိုပြောပြလာပါတယ်။ 

Photo-Baby Maung FB

သရုပ်ဆောင်ဘေဘီမောင်နဲ့အဆိုတော်သားဂန်းတို့ကတော့ ၂၀၁၉ခုနှစ်မှာချစ်သူတွေ အဖြစ်ပရိသတ်တွေကိုအသိပေးခဲ့ကြတာ့ဖြစ်ပြီး ချစ်သူသက်တမ်း၂နှစ်အကြာ ၂၀၂၁ခုနှစ် အောက်တိုဘာလထဲမှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် သမီးလေးကိုယ်ဝန်ကိုလွယ်ထားတာ ၉လထဲကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ 

ဘေဘီမောင်က တော့ မော်ဒယ်လ်တစ်ဦးအဖြစ် ရပ်တည်ခဲ့ရာက အခုဆိုရင် ပြည်သူချစ်တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်လာခဲ့ပါပြီ။ အဆိုတော်သားဂန်းနဲ့အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ သုထက်သာ Online Shop ကိုလည်းဦးစီးလုပ်ကိုင် နေသူတစ်ဦးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က