Uber ဟာ အမေရိကန်အပါအဝင် နိုင်ငံအချို့မှာ ယာဉ်မောင်းနဲ့ ခရီးသည်များ Face Mask တပ်ဆင်ရေး အစီအစဉ်သစ်တစ်ခု လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
CNN Business သတင်းမှာ Uber ယာဉ်အငှားဝန်ဆောင်မှုဟာ ခရီးစဉ်လမ်းကြောင်း လက်ခံမှု မလုပ်ခင် Face Mask တပ်ဆင်ထားခြင်း ရှိမရှိ သိရှိနိုင်မယ့် နည်းပညာ တီထွင်နေတယ်လို့ ဖော်ပြထားပါတယ်။ The Verge သတင်းကို ပြောကြားခဲ့တဲ့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ Uber ဟာ ယာဉ်မောင်းတွေအတွက် Safety Supplies များ ထောက်ပံ့ပေးနေပြီး ခရီးသည်များလည်း တတ်နိုင်သမျှ အိမ်မှာပဲ နေဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
Photo: Engadget
" နိုင်ငံတွေမှာ အသွားအလာပြန်ခွင့်ပြုလာချိန်မှာ Uber ဟာ ဘေးကင်းမှု ဦးစားပေးပြီး သတိနဲ့ ရှေ့ဆက်လုပ်ဆောင်နေပါတယ်။ လောလောဆယ်မှာ ယာဉ်မောင်းနဲ့ စီးနင်းလိုက်ပါသူ ခရီးသည်တွေဟာ Uber အသုံးပြုချိန်မှာ အဝတ်မျက်နှာအုပ်နဲ့ Face Mask တွေ တပ်ဆင်ဖို့ ကျွန်တော်တို့ ဆက်လက်တိုက်တွန်းနေပါတယ်။" လို့ Uber ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
Uber ကုမ္ပဏီဟာ ကုမ္ပဏီရဲ့ ယာဉ်မောင်းနဲ့ ပစ္စည်းပို့ဆောင်ရေး ဝန်ထမ်းများအတွက် mask ပေါင်း သန်းဆယ်ချီ ဝယ်ယူမယ့် အစီအစဉ်ကြေညာထားပါတယ်။ ဒ့ါအပြင် ယာဉ်မောင်းများအတွက် ပိုးသတ်ဆေးရည်များလည်း ထောက်ပံ့ထားပါတယ်။ Supply အကန့်အသတ်ရှိပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ဦးစားပေးနေရတာ ဖြစ်လို့ ယာဉ်မောင်းအားလုံးဆီ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိဖို့ အချိန်အနည်းငယ် ကြာဖို့ ရှိပါတယ်။
Uber ဟာ ၂၀၁၆ ခုနှစ်ကတည်းက ယာဉ်မောင်းများကို ဆဲလ်ဖီဆွဲပြီး အတည်ပြုတဲ့ Real-Time ID Check feature ကိ မိတ်ဆက်ထားပါတယ်။ လတ်တလော သတင်းများအရ Uber ဟာ ဝန်ထမ်းဦးရေ ၂၀% အထိ လျှော့ချဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။