ကမ္ဘာ့ဖလားနဲ့လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။

ပိုလန်ဘယ်နောက်ခံလူတဦးဖြစ်တဲ့ ရိုင်ဘက်စ်ဟာ ရုရှားကလပ်စပါးတပ်မော်စကိုနဲ့စာချုပ်ချုပ်ဆိုခဲ့တာကြောင့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်နဲ့အတူလိုက်ပါခွင့်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။ ယူကရိန်းကို ရုရုားဘက်က ကျူးကျော်မှုတွေစတင်လာချိန်မှာ နိုင်ငံခြားသားကစားသမားအများအပြားက ရုရှားကနေ ထွက်ခွာခဲ့ကြပေမယ့် ရိုင်ဘက်စ်ကတော့ ရုရှားမှာ ကစားဖို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ ပိုလန်အတွက် ၆၆ ပွဲအထိ ကစားပေးထားသူဖြစ်ပြီး ဒီလအစောပိုင်းမှာ လိုကိုမိုးတစ်မော်စကိုကနေ စပါးတပ်မော်စကိုကို ပြောင်းရွှေ့ခဲ့တာပါ။ ပိုလန်ကတော့ ယူကရိန်းရဲ့ ခိုင်မာတဲ့မဟာမိတ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်ကာ ယူကရိန်းကို ဘဏ္ဍာရေးအရ ကြီးမားတဲ့အကူအညီတွေကို ပေးနေခဲ့ပြီး ယူကရိန်းဒုက္ခသည်တွေကိုလည်း ၃.၅ သန်းအထိ လက်ခံပေးထားတာဖြစ်ပါတယ်။ 

ဒါ့အပြင် ရုရှားနဲ့ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဆီမီးဖိုင်နယ်ကိုလည်း မကစားဖို့အတွက် ငြင်းဆိုပြီး ပြတ်ပြတ်သားသားလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ "ပိုလန်နည်းပြ Czeslaw Michniewicz က ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ရေးမှုတွေအပြီးမှာ သူနဲ့ စကားပြောဆိုမှုတွေလုပ်ခဲ့ပါတယ်၊ ကစားသမားရဲ့ လက်ရှိအသင်းအခြေအနေကြောင့် စက်တင်ဘာမှာလုပ်မယ့် လေ့ကျင့်မှုကို ခေါ်မှာမဟုတ်သလို ကာတာကိုသွားမယ့်အသင်းအတွက်လည်း မစဉ်းစားဘူးလို့ ပြောဆိုခဲ့ပါတယ်" လို့ ပိုလန် FA က ထုတ်ပြန်ခဲ့တာပါ။ 

ရိုင်ဘက်စ်ဟာ ပိုလန်အတွက် ယူရို ၂၀၁၂ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတွေမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ ရိုင်ဘက်စ်နဲ့ ပိုလန်အသင်းဖော်တွေဖြစ်တဲ့ ခရိုချိုဝိတ် နဲ့၊ ဆက်ဇမန်စကီတို့ကလည်း လက်ရှိကစားနေတဲ့ ရုရှားကလပ်တွေဖြစ်တဲ့ ခရက်နိုဒေါနဲ့ ဒိုင်နမိုမော်စကိုတို့ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြပြီး ကမ္ဘာ့ဖလားမှာ လိုက်ပါခွင့်ရဖို့ အားထုတ်နေပြီဖြစ်ပါတယ်။ 


ပိုလန်ကတော့ မက္ကဆီကို၊ ဆော်ဒီ၊ အာဂျင်တီးနားတို့နဲ့ တအုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ 


Share

က္က