Underground ဟက်ကာတွေလည်း ပါဝင်ပေးဖို့ အကူအညီတောင်းထားပါတယ်

ယူကရိန်းဟာ ရုရှားနဲ့ မြေပြင်မှာရော ဆိုက်ဘာနယ်ထဲမှာပါ တိုက်ပွဲတွေ ရင်ဆိုင်နေရပါတယ်။ 

ရုရှားရဲ့ ဒီဂျစ်တယ်ကျူးကျော်ဝင်ရောက်မှုကို တွန်းလှန်ရေးအတွက် ယူကရိန်းအစိုးရအနေနဲ့ IT စစ်တပ်တစ်ခု ဖန်တီးသွားမယ်လို့ နိုင်ငံရဲ့ ဒုဝန်ကြီးချုပ် မီခေးလို ဖီဒေါ်ရော့ဗ်က စနေနေ့က ပြောသွားပါတယ်။ ရုရှားတပ်ဖွဲ့တွေကို ဆိုက်ဘာသူလျှိူစစ်ဆင်ရေးတွေ လုပ်ဖို့နဲ့ အရေးပါတဲ့နိုင်ငံရဲ့အခြေခံအဆောက်အဦတွေကို ကာကွယ်ရေးအတွက် မြေအောက် Underground ဟက်ကာတွေအနေနဲ့လည်း ပါဝင်ကူညီပေးဖို့ပါ ဒုဝန်ကြီးချုပ်က မေတ္တာရပ်ခံခဲ့ပါတယ်။





"ကျွန်တော်တို့ IT စစ်တပ်တစ်ခု ဖွဲ့စည်းနေပါတယ်။"လို့ ဖီဒေါ်ရော့ဗ်က ရုရှားရဲ့အရေးပါတဲ့ ဝက်ဘ်ဆိုက်စာရင်းတစ်ခုပါတဲ့ Telegram စာပို့ app ပေါ်က Channel တစ်ခုကို သွားတဲ့ Link ပါ Tweet တစ်ခုမှာ ရေးထားပါတယ်။ 

"လူတိုင်းအတွက် အလုပ်တာဝန်တွေ ရှိလာမှာပါ။ ကျွန်တော်တို့ ဆိုက်ဘာရှေ့တန်းကနေ ဆက်ပြီး တိုက်ခိုက်သွားမယ်။ ပထမဆုံးလုပ်ရမှာက ဆိုက်ဘာကျွမ်းကျင်ပညာရှင်တွေအတွက် ချန်နယ်ပေါ် တင်ပေးဖို့ပါ"လို့လည်း ဒီဂျစ်တယ်အသွင်ကူးပြောင်း‌ရေးဝန်ကြီးလည်း ဖြစ်တဲ့ ဖီဒေါ်ရော့ဗ်က ဆိုပါတယ်။

ဖီဒေါ်ရော့ဗ် တင်ခဲ့တဲ့ Telegram ချန်နယ်စာရင်းမှာ ရုရှားစွမ်းအင်လုပ်ငန်းကြီးဖြစ်တဲ့ Gazprom ၊ ရုရှားဒုတိယအကြီးဆုံး လောင်စာထုတ်လုပ်တဲ့ Lukoil ၊ ဘဏ်လုပ်ငန်းသုံးခုနဲ့ အစိုးရဝက်ဘ်ဆိုက်တွေအပါအဝင် ရုရှားရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အစည်း ၃၁ ခုရဲ့ ဝက်ဘ်ဆိုက်တို့ရဲ့လိပ်စာတွေ ပါဝင်ခဲ့ပါတယ်။

စနေနေ့က ကရင်မလင်ရဲ့တရားဝင်ဝက်ဘ်ဆိုက် Kremlin.ru နဲ့ ရုရှားသမ္မတဗလာဒီမာ ပူတင်ရဲ့ရုံးဝက်ဘ်ဆိုက်တို့ဟာ DDoS လို့ ယူဆရတဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် Offline ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 



ပြီးခဲ့တဲ့အပတ်က ဗုဒ္ဓဟူးနေ့က ယူကရိန်းမှာ ‌ရာနဲ့ချီတဲ့ ကွန်ပျူတာတွေထဲ အဖျက်အမှောက်ဆော့ဖဲလ်တစ်ခု ဝင်ရောက်ခဲ့တာကို ဆိုက်ဘာလုံခြုံရေးလုပ်ငန်း ESET က သုတေသီတွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပစ်မှတ်ထားခံရတဲ့ အထဲမှာ အစိုးရအေဂျင်စီတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုတို့ ပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ ယူကရိန်းဘဏ်နဲ့ အစိုးရဝက်ဘ်ဆိုက်တွေ DDoS တိုက်ခိုက်ခံရမှုမှာ ရုရှားစစ်တပ်ဟက်ကာတွေ လက်ချက်ဖြစ်မယ်လို့ ဗြိတိန်နဲ့အမေရိကန်တို့က ပြောထားပြီး အဲ့ဒီအချိန်က ရုရှားဘက်က ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။ 

Share

Loading Next Article...
က္က