ရုရှားလက်ရွေးစင်က သူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့တာပါ။

ဒိုင်နမိုမော်စကိုရဲ့ ရုရှားလက်ရွေးစင်တိုက်စစ်မှူး ဖီဒိုစမိုလော့ဗ်က သူ့မိခင်နိုင်ငံ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲတာကို ကန့်ကွက်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ ရုရှားဘောလုံးသမားတွေထဲမှာ ပထမဆုံးအနေနဲ့ ဒီလိုမျိုး ကန့်ကွက်ကြောင်း လူသိရှင်ကြား ထုတ်ပြောလာတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။



သမ္မတပူတင်ဟာ ဒီကနေ့မှာပဲ ယူကရိန်းကို ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အကြောင်းပြကာ ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီး ယူကရိန်းနိုင်ငံအတွင်းရှိတဲ့ ပြည်သူတွေ၊ အထူးသဖြင့် မြို့တော်ကိဗ်မြို့က ပြည်သူတွေကပါ စစ်ဘေးရှောင်နေရပြီဖြစ်ပါတယ်။ တိုက်ပွဲရဲ့ ပထမဆုံးနေ့မှာတင် အသေအပျောက်တွေရှိလာခဲ့ပြီး စမိုလော့ဗ်ကတော့ အခုလိုပဲ ရုရှားရဲ့လုပ်ရပ်ကို ကန့်ကွက်ခဲ့ပါတယ်။

အသက် (၃၂) နှစ်အရွယ် စမိုလော့ဗ်က သူ့ရဲ့အင်စတာဂရမ်မှာ “No War” လို့ရေးသားပြီး ယူကရိန်းအလံကိုလည်း ထည့်သွင်းကာ အမည်းရောင်ဓာတ်ပုံကိုတင်ခဲ့ပါတယ်။ ဒါဟာ စမိုလော့ဗ်တယောက် ရုရှားရဲ့ကျူးကျော်စစ်ကို ကန့်ကွက်တယ်လို့ ပရိသတ်တွေက ယုံကြည်ထားပါတယ်။ စမိုလော့ဗ်ဟာ ပြီးခဲ့တဲ့ (၂၀၂၁) နိုဝင်ဘာမှာ ကစားခဲ့တဲ့ ရုရှားနဲ့ ဆိုက်ပရပ်စ်တို့ရဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ပါဝင်ကစားခဲ့ပါသေးတယ်။

ဒါ့အပြင် ရုရှားတင်းနစ်ကြယ်ပွင့် အန်ဒရီရူဗ်လက်ဗ်ကလည်း စမိုလော့ဗ်ရဲ့ ပို့စ်ကို သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ပြန်လည်မျှဝေထားခဲ့ပါတယ်။ သတင်းရင်းမြစ်တွေရဲ့အဆိုအရတော့ ရုရှားရဲ့ ကျူးကျော်စစ်အပေါ်မှာ မနှစ်မြို့တဲ့ နာမည်ကျော် ရုရှားအားကစားလက်ရွေးစင် အများအပြားရှိနေပြီး မကြာခင်မှာပဲ သူတို့လည်း လူသိရှင်ကြား ထုတ်ပြောလာနိုင်တယ်လို့ သိရပါတယ်။

နာမည်ကျော်ဘောလုံးအသင်းတွေထဲမှာတော့ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်က ရုရှားရဲ့လုပ်ရပ်အပေါ် ကြေညာချက်ထုတ်ပြန်ပြီး အပြင်းအထန် ကန့်ကွက်ထားကာ နောက်ထပ် ဘယ်အသင်းတွေက ရုရှားကို လူသိရှင်ကြား ဆန့်ကျင်ဦးမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က