ရွိုင်ကိန်းက သူ့ကို ပြစ်တင်ထားခဲ့ဖူးတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ အင်စတာဂရမ်ကတစ်ဆင့် အသင်းရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကို ရိသဲ့သဲ့ ပြန်လုပ်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပြဖို့၊ သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရတဲ့ ကစားသမားပါ။



ရာသီမစခင်ကတော့ သူ့ကို တစ်ရာသီအတွင်း ဂိုး (၄၀) အထိ သွင်းနိုင်မယ်လို့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ရပ်ရှ်ဖို့ဒ်က တစ်ဂိုးသွင်းနိုင်ဖို့တောင် တော်တော်လေး အနိုင်နိုင်လုပ်ယူခဲ့ရပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေလည်းရှိနေပါတယ်။
စပါးနဲ့ အိမ်ကွင်းမှာ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် “လူတွေက စကားများလွန်းတယ်” ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ ဒီအပေါ်မှာလည်း ရွိုင်ကိန်းက ထပ်မံ ဝေဖန်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ရဲ့ အောင်ပွဲခံဟန်အပေါ် ရွိုင်ကိန်းက “ရပ်ရှ်ဖို့ဒ်တစ်ယောက် ဘာကြောင့် လူတွေကို အမြဲတမ်း စိတ်ပျက်နေတဲ့ပုံ ပေါက်နေရတာလဲ” လို့ ဝေဖန်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်အတွက် လိုအပ်တာတွေကို ထောက်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ ရပ်ရှ်ဖို့ဒ်က သူ့ရဲ့ အင်စတာဂရမ်ကတစ်ဆင့် ထရိန်နင်မှာ ပြုံးရွှင်နေတဲ့ပုံကို တင်ခဲ့ပါတယ်။
ဒါ့အပြင် “အခု ဒီကောင်ရယ်နေပြီလေ။ ကောင်းသောနေ့လေးဖြစ်ပါစေ၊ ကိုယ့်လူတို့” လို့ ကပ်ရှင်ရေးသားခဲ့ပါတယ်။ ဒါဟာ ရွိုင်ကိန်းရဲ့ ဝေဖန်မှုတွေအပေါ် ရပ်ရှ်ဖို့ဒ်တစ်ယောက် ပြန်လည် တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ မီဒီယာတွေနဲ့ ပရိသတ်တွေက ယုံကြည်ထားပါတယ်။

Share

Loading Next Article...
က္က