ဖိုဒန်က ဒီဆုကို ဆွတ်ခူးခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ Football Writer’s Association Men’s Player of the Year Award အတွက် မဲတစ်မဲမှ မရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒီဆုကိုတော့ ဟာလန်းရဲ့ အသင်းဖော် ဖိုဒန်က ဆွတ်ခူးရရှိခဲ့တာပါ။



ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ခြေစွမ်းပြ​ဂိုးသွင်းရင်း အသင်းနဲ့ ပထမဆုံးရာသီမှာတင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကနေ ဦးဆောင်ထားပါတယ်။

ဒီလိုအနေအထားမျိုးမှာ ဟာလန်း ဒီဆုအတွက် တစ်မဲမှမရရှိခဲ့တာကြောင့် မေးခွန်းထုတ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါဟာ ဟာလန်းနဲ့ပတ်သက်လို့ ရွိုင်ကိန်းရဲ့ ပြောစကားတစ်ခွန်းက လွှမ်းမိုးသက်ရောက်မှုရှိခဲ့တာကြောင့်လို့လည်း သုံးသပ်ချက်တွေရှိနေပါတယ်။

ရွိုင်ကိန်းက ဟာလန်းကို ဂိုးသာသွင်းတတ်ပြီး ကစားပုံအရ လိဂ်-၂ ကစားသမားအဆင့်သာရှိကြောင်း ဝေဖန်ခဲ့ပါတယ်။ ဟာလန်းဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်သည့်တိုင် ကစားကွက်အတွင်း ပါဝင်ပတ်သက်တဲ့နေရာမှာ အားနည်းချက်တွေရှိနေဆဲလို့ အချို့က ယုံကြည်ထားပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ရွိုင်ကိန်းရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ဟာလန်းကို ကာကွယ်ခဲ့သလို ဟာလန်းကလည်း ရွိုင်ကိန်းကို အမှန်တကယ် ဂရုမစိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က