(၂၀၀၆) ကမ္ဘာ့ဖလားအပြီး အိမ်အပြန်လမ်းမှာဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်းကြီး ဖာဒီနန်က နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလားကစားပေးရင်း အင်္ဂလန်လက်ရွေးစင်ကစားသမားတွေ လေယာဥ်ပျက်ကျတော့မလိုဖြစ်ခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောကြားလာပါတယ်။ ဖာဒီနန်ဟာ ဒီအကြောင်းကို ပထမဆုံးပြောကြားလာတဲ့ ပုဂ္ဂိုလ်လို့ဆိုခဲ့ပြီး ဒီဖြစ်ရပ်က (၂၀၀၆) ကမ္ဘာ့ဖလားအပြီးမှာ ဖြစ်ပွားခဲ့တာပါ။



ဂျာမနီမှာ ကျင်းပခဲ့တဲ့ (၂၀၀၆) ကမ္ဘာ့ဖလားမှာ အင်္ဂလန်တို့ ပေါ်တူဂီကို ကွာတားဖိုင်နယ်မှာပဲရှုံးနိမ့်ပြီး အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက် သီးသန့်လေယာဥ်နဲ့ ပြန်လာခဲ့ကြတာဖြစ်ပြီး အဲ့ဒီလေယာဥ်က ရာသီဥတုဆိုးရွားမှုနဲ့အတူ တော်တော်လေးကို ယမ်းခါခဲ့ကာ ပျက်ကျတော့မလိုဖြစ်ခဲ့ပါတယ်။

အင်္ဂလန်ကစားသမားတွေ၊ သူတို့နဲ့လိုက်ပါလာတဲ့ ဇနီးသည်တွေကအစ ကြောက်လန့်တုန်လှုပ်ခဲ့ပြီး အဲ့ဒီတုန်းက ခံစားချက်တွေ၊ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ဖာဒီနန်က အခုလိုပဲ ပြောပြလာခဲ့တာပါ။ ဖာဒီနန်က “ကျနော်တို့ အဲ့ဒီတုန်းက ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကို ရှုံးပြီး ကမ္ဘာ့ဖလားက ထွက်ခဲ့ရပါတယ်”

“အပြန်လမ်းမှာလည်း ကျနော်တို့အတွက် အဆိုးရွားဆုံး လေကြောင်းလမ်းဖြစ်ခဲ့တာပေါ့။ ခင်ဗျား ဒါကို စိတ်ကူးယဥ်ကြည့်လို့ရပါတယ်။ ကျနော်တို့က တော်တော်လေးကို ဆိုးရွားတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ခဲ့ရပြီး လေယာဥ်ပေါ်ပါလာတဲ့လူတိုင်းက လေယာဥ်ပျက်ကျတော့မယ်လို့ပဲ ထင်ခဲ့တာပါ။ အကုန်လုံးလည်း ငိုနေကြပါတယ်”

“ကျနော်က ရွန်းနီတို့လင်မယား၊ ဂျရတ်တို့လင်မယားနဲ့ အနီးကပ်ထိုင်ပြီး လူတိုင်းက ထိတ်လန့်ခဲ့ကြပါတယ်။ ဘယ်လိုကြောက်လို့ကြောက်မှန်းတောင် မသိခဲ့ပါဘူး။ လူတွေ၊ ခရီးဆောင်အိတ်တွေ အားလုံးက နေရာအနှံ့ကို ရောက်နေပြီး ဘာဆက်ဖြစ်မလဲ ဘယ်သူမှလည်း မသိတော့ပါဘူး။ ကျနော်ကတော့ စစချင်းအဲ့ဒါပဲ တွေးခဲ့တာပါ”

“ဒါပေမယ့် လေယာဥ်ဝန်ထမ်းတွေကိုလည်း ကြည့်လိုက်ရော သူတို့ရဲ့မျက်နှာတွေက ဘယ်လောက်ကြောက်ဖို့ကောင်းနေလဲဆိုတာကို ခင်ဗျား သိသွားမှာပါ။ မျက်နှာသေကြီးနဲ့ သူတို့ ထိုင်ခုံမှာပဲ သူတို့ ထိုင်နေကြပြီး ကျနော်လည်း သွားပြီလို့ပဲထင်ခဲ့တာပေါ့ဗျာ”

“ကျနော်က တော်တော်လေး အေးဆေးတည်ငြိမ်တဲ့လူမျိုးဗျ။ ဒါပေမယ့် သူတို့ကိုမြင်လိုက်ချိန်မှာတော့ ကျနော်ပါ ကြောက်လန့်လာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီလေယာဥ်က ဘေးကင်းစွာနဲ့ လိုရာရောက်ခဲ့ပြီး အင်္ဂလန်ကစားသမားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေလည်း ဘေးကင်းခဲ့ကြတာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က