ဝက်စ်ဟမ်းနဲ့ပွဲမှာ လုပ်သွားခဲ့တာပါ။

မနေ့ညက တဖက်တဂိုးစီနဲ့ သရေကျခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ လိုင်ယွန်ပွဲမှာ လိုင်ယွန်တိုက်စစ်မှူးမူဆာဒမ်ဘီလီတယောက် ရော်နယ်ဒိုရဲ့ ဟန်ပန်ကို ပုံတူကူးချသွားခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဝက်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲလ်ထုတ်ပယ်ခံခဲ့ရတာမှာ ဒမ်ဘီလီက အဓိကနေရာကနေ ပါဝင်ခဲ့ပြီး ပြိုင်ဘက်ကစားသမားကို အနီကတ်မပြပြအောင် လုပ်သွားခဲ့ပါတယ်။ 

ခရက်စ်ဝဲလ်က ဒမ်ဘီလီကို လိုက်လံဟန့်တားရာမှာ လက်နဲ့သာ ဆွဲခဲ့တာဖြစ်ပေမယ့်လည်း ဒမ်ဘီလီကတော့ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့ရဟန်နဲ့ လူးလိမ့်နေခဲ့ပါတယ်။ အနှေးပြကွက်တွေအရလည်း ဒမ်ဘီလီဟာ ဂိုးသွင်းနိုင်မယ့်အခြေအနေမှာမရှိခဲ့သလို သူ့ကိုဆွဲခဲ့တာကလည်း ပုံမှန်ထက် နည်းနည်းလေးသာ အားပါခဲ့တာဖြစ်ပြီး အဝါကတ်ပြသရင်တောင် လုံလောက်နေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ ခရက်စ်ဝဲလ်က အနီကတ်ပြသခံခဲ့ရပြီး အဲဒီအချိန်မှာပဲ ဒမ်ဘီလီက သူ့အသင်းရှိရာဘက်ကဆီ မျက်လုံးလှမ်းမှိတ်ပြခဲ့ပြီး ငါတော့ လုပ်ပေးလိုက်ပြီဆိုတဲ့အထာမျိုး ပြသခဲ့ပါတယ်။ ဒါဟာ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ဝိန်းရွန်နီကို အနီကတ်ထိစေခဲ့ပြီးနောက် ရော်နယ်ဒိုက သူ့အသင်းဖော်တွေကို မျက်လုံးလှမ်းမှိတ်ပြခဲ့တာနဲ့ တူညီနေခဲ့တာလည်းဖြစ်ပါတယ်။ 

တယောက်အထုတ်ခံခဲ့ရပေမယ့် ဝက်စ်ဟမ်းက ဦးဆောင်ဂိုးကို စသွင်းနိုင်ခဲ့ပြီး လိုင်ယွန်က ပြန်ချေပခဲ့လို့ တဂိုးစီသရေသာဖြစ်ခဲ့ပါတယ်။ ခရက်စ်ဝဲလ်ထုတ်ပယ်ခံရချိန်မှာတော့ ဝက်စ်ဟမ်းပရိသတ်တွေ အကုန်လုံးအံ့အားသင့်ခဲ့ရပြီး (အပေါ်ပုံမှာကြည့်ပါ) ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့တဲ့ ဂိုးသမားအာရီအိုလာလည်း အဝါကတ်ပြသခံခဲ့ရပါတယ်။ 


Share

Loading Next Article...
က္က