ရွန်းနီက အသင်းလက်မဲ့ဖြစ်နေတာပါ။

ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်က နည်းပြဘဝမှာ ရုန်းကန်နေရတဲ့ ရွန်းနီတစ်ယောက် အနာဂတ်မှာ ယူနိုက်တက်နည်းပြဖြစ်လာနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။



ဒါပေမယ့်နည်းပြလောကမှာတော့ ဒီပုဂ္ဂိုလ်က နာမည်ကောင်းမရရှိသေးဘဲ မကြာခဏဆိုသလို အထုတ်ခံရနေတာပါ။ ရွန်းနီဟာ ဒါဘီ၊ ဒီစီယူနိုက်တက်နဲ့ ဘာမင်ဂမ်တို့ကို ကိုင်တွယ်ထားပြီးဖြစ်ပါတယ်။

ဒါဘီ၊ ဒီစီယူနိုက်တက်တို့မှာ ရွန်းနီက သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်မျိုးကို မပြသနိုင်ခဲ့ဘဲ သူ့အသင်းတွေကလည်း အခြေအနေဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ အခု နောက်ဆုံး ဘာမင်ဂမ်ကို ကိုင်တွယ်ချိန်မှာလည်း ရလဒ်ဆိုးတွေကြောင့် အချိန်တိုအတွင်း ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါပေမယ့် ဘာဘာတော့ဗ်ကတော့ “ရွန်းနီက နည်းပြလောကကို ပြန်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူလည်း ဒါမျိုးဖြစ်ချင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အနာဂတ်မှာတော့ သူက ယူနိုက်တက်ရဲ့ နည်းပြတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သူ အောင်မြင်မှုလှေခါးတွေကို ဆက်တက်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”
“ကံဆိုးစွာနဲ့ပဲ သူက ဘာမင်ဂမ်မှာ ကျရှုံးခဲ့ပါတယ်။ အသင်းက သူရောက်ရောက်ချင်း အဆင့် (၅)၊ သူ ရောက်ပြီးတော့ အဆင့် (၂၀) ဖြစ်သွားတာကို သူ ဒေါသထွက်နေလို့ မရပါဘူး။ သူ သန်မာတဲ့ ပုံစံနဲ့ ပြန်လာနိုင်ဖို့ ကျွန်တော်မျှော်လင့်ပြီး တစ်နေ့မှာ ယူနိုက်တက်နည်းပြဖြစ်လာနိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က