ဝိန်းရွန်နီဟာ အင်္ဂလန်အတွက် ၅၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ထာ၀ရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ဝိန်းရွန်နီရဲ့ အင်္ဂလန်ထာ၀ရဂိုးသွင်းအများဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အမီလိုက်နေရာမှာ တတ်နိုင်သမျှ ဂိုးကွာဟချက်နည်းပါးစေဖို့အတွက် ဒီနေ့ကစားရမယ့် ဆန်မာရီနိုပွဲမှာ သူ့ကိုထည့်ကန်ပေးဖို့ ဟယ်ရီကိန်းက နည်းပြဆောက်ဂိတ်ကို တောင်းဆိုလိုက်ပါတယ်။ ဝိန်းရွန်နီဟာ အင်္ဂလန်အတွက် ၅၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ထာ၀ရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ဟယ်ရီကိန်းကတော့ အင်္ဂလန်အတွက် ၄၄ ဂိုးအထိ ရရှိထားကာ နောက်ထပ် ၉ ဂိုးသွင်းယူနိုင်ပါက လိုက်မီမှာဖြစ်ပြီး ၁၀ ဂိုးဆိုရင် ရွန်နီကို ကျော်ဖြတ်နိုင်မှာလည်းဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ ကိန်းကို ဆောက်ဂိတ်က အနားပေးဖွယ်ရှိနေရာမှာ ကစားသမားက ဝင်ကစားခွင့်ပေးဖို့ တောင်းပန်ခဲ့ကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
"ပြီးခဲ့တဲ့ ဆန်မာရီနို၊ အန်ဒိုရာတို့နဲ့ပွဲတွေမှာ သူမကစားခဲ့ရဘူးလို့ ကျွန်တော့်ကိုပြောတယ်၊ သူ ပါဝင်ကစားချင်နေတယ်ဆိုတာ သေချာပါတယ်" လို့ ဆောက်ဂိတ်က ပြောဆိုခဲ့ပါတယ်။ ကိန်းဟာ အင်္ဂလန်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၉ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူပေးထားပြီး အဆိုပါပွဲတွေမတိုင်ခင်က ၁၂ ပွဲမှာ ၂ ဂိုးတည်းသာ ရရှိခဲ့လို့ ရွန်နီကို လိုက်မီလို့ ကြန့်ကြာနေတာလည်းဖြစ်ပါတယ်။