ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက သွင်းဂို ၈ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရိုနယ်လ်ဒို နာဇာရီယိုက ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ရွှေဘောလုံးဆုကို လီယွန်နယ် မက်ဆီအစား အမ်ဘာပေက ဘာကြောင့် ရရှိသွားသင့်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ မှတ်ဉာဏ်ထဲမှာ တသက်တာအကောင်းဆုံး ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေထဲက တစ်ပွဲအဖြစ် စွဲထင်နေတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်းက ၃-၃ နဲ့ ပြီးဆုံးခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရော အမ်ဘာပေပါ ပင်နယ်တီ အဆုံးအဖြတ်မှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ကြတာဖြစ်ပေမယ့်လည်း အာဂျင်တီးနားအသင်းက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ၅ ကြိမ်မြောက် ကြိုးပမ်းမှုမှာ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ကမ္ဘာ့ဖလားအပြင် ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ ရွှေဘောလုံးဆုကိုပါ သိမ်းပိုက်ပြီး အိမ်ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက သွင်းဂို ၈ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ နဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရိုနယ်လ်ဒိုရဲ့ပြောကြားချက်အရ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းဖော် မက်ဆီထက် ရွှေဘောလုံးနဲ့ ပိုမိုထိုက်တန်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "ကျွန်တော့်ကို အထင်ကြီးအောင် အလုပ်နိုင်ဆုံးသူကတော့ ခီလီယန် အမ်ဘာပေပါ။ သူက အရမ်းကောင်းတဲ့ ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ခြ့တယ်။ ပွဲအစကနေ ဗိုလ်လုပွဲအထိပေါ့"

"သူ အင်္ဂလန်နဲ့ ကွာတားဖိုင်နယ်အဆင့်၊ မော်ရိုကိုနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဂိုးမသွင်းနိုင်ခဲ့ရင်တောင်မှ သူက အမြဲတမ်း ကောင်းမွန်တဲ့ ဖန်တီးမှုတွေနဲ့ စွမ်းဆောင်ပေးနေခဲ့တယ်။ ပြီးတော့ ဗိုလ်လုပွဲမှာ သူက ၄ ဂိုးသွင်းယူပြီး ထူးထူးခြးခြားဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ ဂိုးဝင်တဲ့ ကန်သွင်းမှုတွေကိုလည်း ကျွန်တော် ရေတွက်ထားလို့ပါ။ အချက်အလက်တွေအရတော့ သူက အားလုံးရဲ့အထက်မှာရှိနေပြီး သူက ရပ်တန့်လို့မရနိုင်လုနီးပါးဖြစ်ခဲ့တယ်။ သူက ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီဆုနဲ့ လုံးဝကို ထိုက်တန်ခဲ့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က