(၂၀၂၃) ခုနှစ်အတွက် ဆွတ်ခူးဖို့တော့ ရေပန်းစားနေပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအော်ကို (၈) ကြိမ်အထိ စံချိန်တင် ရရှိထားတဲ့ မက်ဆီက သူ့ရဲ့ ကစားသမားဘဝမှာ တစ်ခုတည်းသော လိုအပ်နေတဲ့ ဆုတစ်ခုတော့ ရှိပါတယ်။ ဒါကတော့ ရွှေခြေထောက်ဆုပဲဖြစ်ပါတယ်။



အဆိုပါဆုကို ပြီးခဲ့တဲ့ (၂၀၀၃) ခုနှစ်မှာ စတင်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး အသက် (၂၈) နှစ်နဲ့အထက် ကစားသမားတွေကို ဂုဏ်ပြု ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။ ဒီဆုရဲ့ စည်းမျဉ်းအရ ကစားသမားတစ်ယောက်ဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံး ဒီဆုကို တစ်ကြိမ်သာ ဆွတ်ခူးခွင့် ရရှိမှာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဆက်တိုက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ရွှေခြေထောက်ဆုကို ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘူဖွန်၊ ကာဆီးလက်စ်တို့ဟာ ဒီဆုကို (၂၀၁၆) နဲ့ (၂၀၁၇) တို့မှာ ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ ဂန္တဝင်ကြီးတွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ရော်နယ်ဒင်ဟိုတို့ကလည်း ရွှေခြေထောက်ဆု ပိုင်ရှင်တွေအဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။

အဲ့ဒီနောက် တစ်နှစ်မှာတော့ ကာဗာနီက ဒီဆုကို ဆွတ်ခူးခဲ့ဖူးပြီး မိုဒရစ်ကလည်း ဒီဆုကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာ၊ လီဝန်ဒေါစကီးတို့ကလည်း ရွှေခြေထောက်ဆုကို ဆွတ်ခူးထားနိုင်ပြီး မက်ဆီရဲ့ အဓိကပြိုင်ဘက် ရော်နယ်ဒိုကလည်း ရွှေခြေထောက်ဆုရှင်အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးပါပြီ။

ဒါပေမယ့် မက်ဆီကတော့ ဒီဆုကို ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။ အခု နောက်ဆုံး သတ်မှတ်ထားတဲ့ စည်းကမ်းအရ ဒီဆုကို လာမယ့်နွေရာသီမှာ ချီးမြှင့်သွားဖို့ရှိပြီး မက်ဆီကတော့ ဒီဆုကို (၂၀၂၃) အတွက် ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေကြောင်း သိရှိရပါတယ်။

Share

Loading Next Article...
က္က