အိမ်ထောင်စုတစ်စုကို ဆန် ၅၀ kg ( ၂၅ ပြည်) နှုန်းနဲ့ ဖြန့်ဝေပေးနေပါတယ်။

ရန်ကုန်တိုင်းထဲက ရွှေပြည်သာ မြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ထောင်စု နှစ်သိန်းနီးပါးကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ဆန်အိတ်များထောက်ပံပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။



 အဲဒီမြို့နယ်များရှိ လက်လုပ်လက်စားအိမ်ထောင်စုများကို အဓိကထောက်ပံ့ခြင်းဖြစ်ပြီး လက်ရှိမှာ ရွှေပြည်သာမြို့နယ်ရှိ အိမ်ထောင်စု ၂၀၀၀ ကျော်ကို မြန်မာနိူင်ငံကြက်ခြေနီအသင်းကဦးစီးပြီး စတင်ထောက်ပံ့ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

" ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ရွှေပြည်သာက ရပ်ကွက်အမှတ် (၂)၊ (၃) နဲ့ (၄) က အိမ်ထောင်စု (၂,၅၄၄) စုကို ဆန်တွေပေးအပ်ခဲ့တယ်။ အိမ်ထောင်စုတစ်စုကို ဆန် ၅၀ kg ( ၂၅ ပြည်) နှုန်းနဲ့ ဆန်အိတ်ပေါင်း (၂,၅၄၄)အိတ်ကို ဖြန့်ဝေပေးခဲ့တာပါ။ နောက်ထပ်လည်း ရပ်ကွက်တွေဆက်ဖြန့်သွားမှာပါ" လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ဓာတ်ပုံ - ကြက်ခြေနီအသင်း

ရွှေပြည်သာမြို့နယ်မှာဆိုရင် ဆန်ထောက်ပံ့မှုအဖြစ် ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်မှ အိမ်ထောင်စုပေါင်း ၉၀၀၀၀ ကျော်ကို ပေးအပ်မှာဖြစ်ပြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာကတော့ ရပ်ကွက်ပေါင်း ၂၀ နီးပါက  အိမ်ထောင်စု ပေါင်း ၇သောင်းကျော်ကို ဆန်တွေထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

" ခုလို ကာလကြီးမှာ ဆန်တအိတ်ဆိုတာ တော်တော်အထောက်အကူဖြစ်ပါတယ်။ ဆန်မဝယ်ရတော့ ဆန်ဖိုးကအပိုထွက်လာတာပေါ့။ ဆန်ဖိုးတောင်မရှိတဲ့မိသားစုတွေအတွက်လည်းအဆင်ပြေတာပေါ့။ အခုလိုထောက်ပံ့ပေးတာအရမ်းကျေးဇူးတင်ပါတယ် " လို့ ရွှေပြည်သာ မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ် ။

WFP သည် ဆန်ထောက်ပံ့ပေးတဲ့အခါ နှစ်ကြိမ်ထောက်ပံ့လေ့ရှိကြောင်း ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ဇူလိုင်လက ပထမအကြိမ်ထောက်ပံ့ပေးခဲ့ပြီး အခုတကြိမ်က ဒုတိယအကြိမ်ထောက်ပံ့မှုဖြစ်ကာ ရွှေပြည်သာ မြို့နယ်မှာတော့ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က