ရွှေတိဂုံဘုရား ဘုရားဖူးခွင့်ကို လာမယ့်နိုဝင်ဘာလ (၁၇)ရက်နေ့ အဖိတ်နေ့နဲ့ (၁၈)ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့တို့မှာ မနက် (၅)နာရီကနေ ည(၇)နာရီထိ ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့က ကြေညာထားပါတယ်။
ဘုရားဖူးချိန်ကို တိုးပြီးဖွင့်လှစ်ပေးထားပေမယ့် ဒီနှစ်မှာတော့ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့တိုင်း ရွှေတိဂုံဘုရားကြီးရဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဦးစီးကာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲကြီးကိုလည်း ကျင်းပပြုလုပ်မှာမဟုတ်ဘူးလို့လည်းသိရပါတယ်။
အခါကြီးရက်ကြီးလိုကာလတွေမှာ ဘုရားဖူးပြည်သူတွေနဲ့ စည်းကားလျှက်ရှိတာကြောင့် အခုလို ဘုရားဖူးခွင့်ကိုအချိန်တိုးမြင့်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။
ပုံမှန်ရက်တွေမှာ ဆိုရင်တော့ ရွှေတိဂုံဘုရားကို ညနေ (၅)နာရီထိသာ ဘုရားဖူးခွင့်ပြုခဲ့တာပါ။
ပြီးခဲ့တဲ့ သတင်းကျွတ်လပြည့်ရက်နေ့က ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ ဘုရားဖူးပြည်သူအများအပြားနဲ့စည်ကားခဲ့ပါတယ်။