ရွှေကြိုကနေစတင်ပြီးအနုပညာလောကထဲကိုစတင်ဝင်ရောက်လာတဲ့ သဇင်ထူးမြင့်က လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲမှာ တွဲဖက် သရုပ်ဆောင်ကို အနမ်းပေးခဲ့ရတဲ့ အကြောင်း ပြောပြလာပါတယ်။
"အိပ်မက်ထဲက အိပ်မက်"ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ သဇင်ထူးမြင့်က ပါဝင် သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Photo- Thazin Htoo Myint FB
ပရိသတ်တွေအကြား ပွဲဆူသွားတဲ့ ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး “ " အဲ့ဒီအခန်းရိုက်တော့ တကယ်ရှက်တယ်။ ယောကျာ်းလေးတစ်ယောက်ကို နမ်းဖူးတာလည်း ပထမဆုံးဆိုတော့လေ။ ပြီးတော့ဒါရိုက်ရိုက်တာ အစ်ကိုကလည်း One More One More တွေ များနေတော့ ခဏခဏ နမ်းရတာပေါ့” လို့ သဇင်ထူးမြင့်က ရိုက်ကွင်းကအကြောင်း ပြန်လည်ပြန်လည် ဝေမျှလာပါတယ်။

သဇင်ထူးမြင့် ကတော့ (၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် ပရိသတ်တွေအကြား ပိုသတိထားစရာ၊ အားပေးစရာ သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့သူပါ။
အဲ့ဒီ့လို အနမ်းခန်းပါတဲ့ ဇာတ်ရုပ်အတွက် အဖေဖြစ်သူ ခင်လှိုင်ရဲ့ သဘောထားက ဘယ်လိုရှိမလဲလို့ မေးဖြစ်တဲ့အခါမှာလည်း "ဖေဖေက အဲ့ဒီ့ကားရိုက်နေတုန်း မန္တလေးမှာ။ နမ်းတာတွေ ဘာညာလည်းမသိဘူး ။ On Air လွှင့်မှ သူသိတာ။ ဘာမှ တော့မပြောပါဘူး။ကြည့်ရတာ သူမကြည့်လိုက်ဘူးထင်တယ်(ရယ်လျှက်)။ ဒါက အလုပ်သဘောအရပဲ ဆိုတော့လေ" လို့ ပြောပြလာပါတယ်။
Photo- Thazin Htoo Myint FB
သဇင်ထူးမြင့်ကတော့ လတ်တလောမှာတော့ အွန်လိုင်းကြော်ငြာအချို့ ရိုက်ကူးနေပြီး ထုတ်လွှင့်နေဆဲ ဖြစ်တဲ့ "အိပ်မက်ထဲက အိပ်မက် "ဇာတ်လမ်းတွဲ မှာလည်း ပါဝင် သရုပ်ဆောင်သူ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ အသစ်တွေလည်း ဆက်လက်ထွက်လာဖို့ ရှိလို့ ပရိသတ်တွေ အားပေးကြဖို့ သူမက တောင်းဆိုထားပါတယ်။
နောက်ပိုင်းမှာ ဇာတ်လမ်းတွဲအသစ်တွေလည်းထပ်ထွက်လာဖို့ရှိဦးမှာမို့ အားပေးကြဖို့တောင်းဆိုခဲ့ပါတယ်။