ကာရစ်ကို ယာယီနည်းပြအဖြစ် ဆက်ထားဖို့ ရက်နက်ပ်ကဆိုခဲ့တာပါ။

ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးတဲ့နောက် ကာရစ်ကို လတ်တလောမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်စေပြီး အဲ့ဒီနောက်မှာတော့ ရန်းနစ်ဂ်က ရာသီကုန်အထိ ဆက်လက်ကိုင်တွယ်သွားမှာပါ။ ရန်းနစ်ဂ် ယူနိုက်တက်ကို ရောက်ရှိလာတဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေက ပျော်ရွှင်နေပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဝါရင့်နည်းပြကြီးတယောက်ကတော့ မပျော်နိုင်ခဲ့ပါဘူး။



ဒီနည်းပြကြီးကတော့ ဟယ်ရီရက်နက်ပ်ဖြစ်ပြီး ကာရစ်ကို ယာယီနည်းပြအဖြစ် ဆက်မထားဘဲ ရန်းနစ်ဂ်ကို ခန့်အပ်ခဲ့တဲ့အပေါ် အံ့အားသင့်ဖွယ် ဝေဖန်ပြောကြားလိုက်ပါတယ်။ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ရဲ့ ရလဒ်ဆိုးတွေက ဘယ်လိုမှလက်ခံနိုင်စရာမရှိဘဲ လီဗာပူး၊ မန်စီးတီးတို့ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို အဝေးကွင်းမှာ တန်းတက် ဝက်ဖို့ဒ်ကိုပါ ဂိုးပြတ်ရှုံးခဲ့တဲ့နောက် နည်းပြအပြောင်းအလဲလုပ်ခဲ့ရတာပါ။

ဒါပေမယ့် ဒီအပြောင်းအလဲအပေါ်မှာ ဟယ်ရီရက်နက်ပ်က “တကယ်လိုချင်တဲ့နည်းပြမရခင်အတွက် ခန့်ထားတဲ့ ယာယီနည်းပြရဲ့နေရာမှာ အစားထိုးဖို့ ယာယီနည်းပြကိုခေါ်လိုက်တယ်တဲ့။ အတော်ကို ကိုးလို့ကန့်လန်နိုင်တဲ့ကိစ္စပဲဗျ။ ကျနော့်ဘဝမှာ ဒီလောက်အထိ ရူးသွပ်တဲ့လုပ်ရပ်မျိုးကို တခါမှမမြင်ဖူး၊ မကြားဖူးပါဘူး”

“ဘယ်လိုပဲကြည့်ကြည့်ကို မမြင်ဖူး၊ မကြားဖူးသေးတာပါဗျာ။ တကယ်လို့ ယူနိုက်တက်အနေနဲ့ ပိုချက်တီနိုကို လိုချင်တယ်ဆိုရင် သူ့ကို လာနိုင်အောင်လုပ်၊ တကယ်ခေါ်နိုင်အောင် ချက်ချင်းလုပ်ရမှာလေ။ ကဲ ဟုတ်ပါပြီ။ အခု ပိုချက်တီနိုကို စောင့်ရမယ်ဆိုလည်း ကာရစ်ကို ဆက်ထားလို့မရဘူးလား။ အခု ကိစ္စအတွက် ကာရစ်ကို ဘယ်လိုပြောပြကြလဲ?”

“ငါတို့ မင်းကို မယုံနိုင်ဘူးလို့ ကာရစ်ကို သွားပြောလိုက်တာလား?” လို့ The Sun မှာ ရေးသားနေကျ သူ့ရဲ့အစီအစဥ်မှာ ထည့်သွင်းရေးသားခဲ့တာဖြစ်ပါတယ်။ ကာရစ်ဟာ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲကို ကိုင်တွယ်ခဲ့ပြီး အဲ့ဒီပွဲမှာ ယူနိုက်တက်ကလည်း နိုင်ပွဲရရှိခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ပွဲကိုလည်း ကာရစ်ပဲ ကိုင်တွယ်ဦးမှာဖြစ်ပြီး ရန်းနစ်ဂ်ရဲ့ အလုပ်လုပ်ကိုင်ခွင့်ပါမစ်နဲ့ ဗီဇာကိစ္စတွေသာ အဆင်မပြေခဲ့ရင် ကာရစ်က အာဆင်နယ်နဲ့ပွဲအထိ ဆက်လက်ကိုင်တွယ်ရဖွယ်ရှိနေပါတယ်။ 

Share

က္က