ရာသီကုန်အထိ ကိုင်တွယ်သွားဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဟောင်း လာလီဂါထိပ်သီးအသင်းကြီးရဲ့ယာယီနည်းပြအဖြစ် ယခုရာသီကုန်အထိ ခန့်အပ်ခံရဖိို့ နီးစပ်နေတယ်လို့ Goal.com ရဲ့သတင်းအရ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြဆိုလာရီကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ သိရပြီး နည်းပြဟောင်း မော်ရင်ဟိုကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

Goal.com ရဲ့ဖော်ပြချက်အရ မော်ရင်ဟိုဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဗယ်လာဒိုးလစ်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့်ပွဲစဉ်မှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ဖို့ ရေပန်းစားနေပြီး ရာသီကုန်အထိ ရီးရဲမက်ဒရစ်အသင်းကို ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဖြစ်တဲ့ ဖလော်ရန်တီနိုပီးရက်ဇ်နဲ့ ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်တို့ဟာ ယမန်နေ့က နည်းပြဟောင်း မော်ရင်ဟိုကို ရာသီကုန်အထိ အသင်းရဲ့နည်းပြအဖြစ် ရွေးချယ်ဖို့ လေးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပြီး ဗယ်လာဒိုးလစ်အသင်းနဲ့ပွဲစဉ်ဟာ နည်းပြဆိုလာရီအတွက် နောက်ဆုံးကိုင်တွယ်တဲ့ပွဲစဉ်ဖြစ်စေဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

နည်းပြဆိုလာရီဟာ ပြီးခဲ့တဲ့အောက်တိုလာက လော့ပတယ်ဂီရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတဲ့နည်းပြဖြစ်ပြီး အစဉ်အလာပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ အယ်လ်ကလက်စီကိုပွဲစဉ် ၂ ပွဲဆက်တိုက်ရှုံးနိမ့်မှုနဲ့အတူ အေဂျက်ကို အိမ်ကွင်းမှာ အရှက်တကွဲရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာကြောင့် နည်းပြရာထူးအတွက် သူ့ရဲ့အနာဂတ်က မရေမရာဖြစ်နေပါတယ်။

Share

Loading Next Article...
က္က