လီဗာပူးလ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ရရှိခဲ့တာပါ။

ချယ်လ်ဆိးနည်းပြဟောင်း ဂုဟစ်ဒင့်ရဲ့ စံချိန်မှတ်တမ်းတစ်ခုကို ဆိုးလ်ရှားက ယာယီနည်းပြဘဝနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးလ်တို့ရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာ ယူနိုက်တက်ယာယီနည်းပြ ဆိုးလ်ရှားဟာ ဂုဏ်ယူစရာမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ကြတဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာ ယူနိုက်တက်ဟာ ပထမပိုင်းမှာပဲ ကစားသမား (၃)ဦးအထိ လဲလှယ်ခဲ့ရပေမယ့် လီဗာပူးလ်ကို အိမ်ကွင်းမှာ အရေးမနိမ့်အောင် ကစားနိုင်ခဲ့ပါတယ်။

ဟွမ်မာတာ၊ လင်ဂတ် နဲ့ အန်ဒါဟာရဲရားတို့ဟာ ပထမပိုင်းပွဲချိန်အတွင်းမှာပဲ ဒဏ်ရာအနာတရတွေ ရရှိခဲ့ပြီးတော့ လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ သရေတစ်မှတ်ရရှိခဲ့တဲ့ အိုလီဂန်နာဆိုးလ်ရှားဟာ ချယ်လ်ဆီးနည်းပြဟောင်း ဂုဟစ်ဒင့်ရဲ့ ပရီးမီးယားလိဂ်စံချိန်မှတ်တမ်းတစ်ခုကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားအတွက် ယာယီနည်းပြဘဝမှာပဲ မှတ်တမ်းကောင်းတွေ အများအပြား ရယူနိုုင်ခဲ့တာလည်း ဖြစ်လာခဲ့ပါတယ်။

ဒီပွဲကို သရေကျခဲ့တဲ့အတွက် လီဗာပူးလ်ဟာအသင်းဟာ မန်စီးတီးနဲ့ ပွဲအရေအတွက်တူညီသွားခဲ့ပြီးနောက် တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ တစ်ဖက်မှာ အာဆင်နယ်အသင်းက အနိုင်ရရှိသွားခဲ့တဲ့အတွက် အမှတ်ပေးဇယားရဲ့ အဆင့် (၅)နေရာကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး လက်ကျန်ပွဲတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်နည်းပြသစ်တစ်ဦးအနေနဲ့ အမှတ်ပေးပွဲ (၁၀)ပွဲကစားအပြီးမှာ ရမှတ် (၂၆)မှတ် ရရှိသွားခဲ့ပြီး ရမှတ်အများဆုံးရ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆိးနည်းပြ ဟစ်ဒင့်ကတော့ နည်းပြသစ်တစ်ဦးအနေနဲ့ ပွဲဦးထွက် (၁၀)ပွဲမှာ ရမှတ် (၂၅)မှတ်ရရှိခဲ့ကာ စံချိန်တင်ခဲ့တာ ဖြစ်ပေမယ့်လည်း ဆိုးလ်ရှားက သူ့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အနေနဲ့ ယူနိုက်တက်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းနိုင်ဖို့အတွက်တော့ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ ယူနိုက်တက်ဟာ အနိုင်ရလုရခင်အနေအထားအထိ ဖြစ်ခဲ့ပြီး လီဗာပူးလ်နောက်ခံလူ မာတစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း စမောလင်း လူကျွံနေခဲ့တဲ့အတွက် ဂိုးမရရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က