လက်ရှိကာလအတွင်း တစ်ရက်ကို YBS စီးနင်းသူဦးရေ သုံးသိန်းဝန်းကျင်ခန့်ရှိတယ်လို့သိရပါတယ်။

YBS ယာဉ်လိုင်းတွေအပေါ်မှာ ခရီးသွားတွေ မကျပ်စေဖို့အတွက် ရုံးတက်ရုံးဆင်းချိန်တွေကို မတူညီအောင် သတ်မှတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ 


COVID-19 ရောဂါကူးစက်ပြန့်ပွားနေချိန်ကာလအတွင်း မဖြစ်မနေ ရုံးတက်ရုံးဆင်းလုပ်နေရတဲ့ ပြည်သူတွေအနေနဲ့ YBS ယာဉ်လိုင်းတွေပေါ်မှာ ကျပ်ကျပ်တည်းတည်းစီးနင်းရတဲ့အခြေအနေမျိုးကင်းဝေးစေဖို့အတွက် ရုံးချိန်များကို တပြိုင်နက်တည်းမသတ်မှတ်ပဲ မတူညီအောင်သတ်မှတ်သင့်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ မှတ်ချတ်ပြုပြောကြားခဲ့တာပါ။ အတိုင်ပင်ခံရဲ့အွန်လိုင်းဆွေးနွေးပွဲမှာ YBS ယာဉ်လိုင်းကို ပုံမှန်စီးနင်းသူအဖြစ် ဝင်ရောက်ဆွေးနွေးခွင့်ရခဲ့တဲ့ မနိုင်းနိုင်းက နေ့စဉ် ရုံးတက်ရုံးဆင်းမှာ လုပ်ငန်းတွေက အကြို/အပို့ကားတွေစီစဉ်ပေးသင့်ကြောင်းဆွေးနွေးခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံက သဘောတူခဲ့ပြီး နောက်ထပ်ဖြေရှင်းနည်းအနေနဲ့ ရန်ကုန်မှာ ကုမ္ပဏီ၊ အလုပ်ရုံတွေအနေနဲ့ဝန်ထမ်းတွေကို ရုံးတက်ရုံးဆင်းချိန် မတူညီအောင်သတ်မှတ်ရင်လည်းဖြစ်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ 


ဝန်ထမ်းတွေ YBS ပေါ်မှာ စုပြုံပြီး မရှိနေဖို့အတွက် သက်ဆိုင်ရာ စက်ရုံ၊အလုပ်ရုံ၊ ကုမ္ပဏီတွေအနေနဲ့ အကြိုအပို့ကားတွေစီစဉ်ပေးသင့်ကြောင်းကိုလည်း အများသုံးYBS ဘတ်စ်ကားများစီမံခန့်ခွဲရတဲ့ တာဝန်ခံဦးညီညီမော်ကလည်း အကြံပြုတင်ပြပေးခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေအတွက် အကြိုအပို့ကားတွေ စီစဉ်ပေးနိုင်ဖို့အတွက် နိုင်ငံတော်က ဘယ်လိုစီစဉ်ပေးရမလဲဆိုတာကို စဉ်းစားမယ်လု့ိပြန်လည်ပြောကြားခဲ့ပါတယ်။ 


ရန်ကုန်မြို့မှာ COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုမရှိစဉ်က တစ်ရက်ကို YBS ကားအစီးရေ ၄၅၀၀ခန့်ပြေးဆွဲပြီး ခရီးသည်ဦးရေ ၂.၅သန်းဝန်းကျင်ရှိတယ်လို့ YRTA ရဲ့စစ်တမ်းအရသိရပါတယ်။ လက်ရှိအချိန်မှာတော့ တစ်ရက်ကို YBS အစီးရေ ၁၃၀၀ခန့်သာပြေးဆွဲနေပြီး တစ်ရက်ကို ခရီးသည်ဦးရေ သုံးသိန်းခန့်ရှိတယ်လို့သိရပါတယ်။ 

Share

Loading Next Article...
က္က