YBS မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေစပြီးတော့ကတ်စနစ်နဲ့ စမ်းသပ်တပ်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ YRTA က ဒေါက်တာမောင်အောင်က Duwun ကိုပြောပါတယ်။
photo- YBS
“ကတ်စနစ်ကစလုပ်မှာကိုပြောတာပါ။ ကားတွေကို ဆင်ရဦးမယ်။သုံးလို့တော့မရသေးဘူး ။တပ်ဆင်ရုံအဆင့်ပဲရှိသေးတယ်။ဒီနှစ်ထဲမှာတော့ ကတ်စနစ်က စမှာပါ။ကားအစီးရေက လေးထောင်လောက်ရှိတဲ့အခါကျတော့ ကြာချိန်ကတင်ပဲ ၇လ ၊၈ လလောက်ကြာမှာပါ။အသုံးပြုလို့မရသေးပါဘူး ” လု့ိသူကပြောပါတယ်။
ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာယာဉ်စီးခပေးချေတာကို စမ်းသပ်တပ်ဆင်မှာဖြစ်ပြီးတော့ ကတ်စနစ်နဲ့ ယာဉ်စီးခပေးချေဖို့အတွက်ကိုလည်း ကုမ္ပဏီရွေးချယ်ပြီးဖြစ်တယ်လို့ သိရပါတယ်။
YBS ကိုစတင်အကောင်အထည်ဖော်ခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာစတင်စမ်းသပ်မှာဖြစ်ပြီးတော့ လက်ရှိမှာ ငွေအကြွေကို ပုံးထဲထည့်တဲ့စနစ်ကို အသုံးပြုနေတာလည်းဖြစ်ပါတယ်။
ယာဉ်အစီးရေပေါင်း ၄၀၀၀ ကိုစမ်းသပ်တပ်ဆင်မှာဖြစ်ပြီးတော့ လက်ရှိမှာ ငွေထည့်တဲ့စနစ်က ၃၀ ရာခိုင်နှုန်းသော ခရီးသည်တွေက ငွေကို မှန်ကန်စွာမထည့်ကြဘူးလို့ ယာဉ်လိုင်းပိုင်ရှင်တွေက ပြောပါတယ်။
စမ်းသပ်တပ်ဆင်မှုကနေ ရရှိလာတဲ့အချက်တွေအပေါ်ကိုမူတည်ပြီးတော့လည်း ယာဉ်လိုင်းအတိုးအလျော့လုပ်တာတွေနဲ့ ကားခပြန်လည်သတ်မှတ်တာတွေကို လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။