ထိုင်းနိုင်ငံက ပရိသတ်တွေ၊ ပြည်တွင်းက ပရိသတ်တွေ ဘယ်နှယောက်ရှိတယ်ဆိုတာကိုလည်း ပြောပြထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ဂီတလောကရဲ့ အအောင်မြင်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့ကို အားပေးတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေးဦးရေထက် ယောက်ျားလေးဦးရေက ပိုများနေတယ်လို့ ဆိုပါတယ်။ 

Photo: RBV



စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်အရေအတွက်ကို အခုလို ပြောပြလာပါတယ်။ သူ့ရဲ့ Offical Facebook Page က Follower တွေထဲမှာတော့ ယောက်ျားလေး အရေအတွက်က ပိုများနေတယ်လို့ ပြောပါတယ်။ 

"ကျွန်တော့် Page မှာ Like လုပ်ထားတဲ့အရေအတွက် 8.8 M နဲ့ Follower 9.1 M ရှိနေပါတယ်။ အသက် 18 - 24 က အများဆုံးနဲ့ 25 - 34 က ဒုတိယအများဆုံးပါ။ Follower စုစုပေါင်းရဲ့ 52% က အမျိုးသားတွေဖြစ်ပါတယ်။ မြန်မာပြည်တွင်းက အများဆုံးနဲ့ ဒုတိယက ထိုင်း၊ ပြည်တွင်းမှာမှ ရန်ကုန်ရယ် မန္တလေးရယ် အများဆုံး ဘာရယ်မဟုတ်ဘူး။ အိမ်မှာပဲနေနေရတော့ ဒေတာတွေ ဝင်ဖတ်မိပြီး စိတ်ဝင်စားသွားလို့ရယ်။ ကျွန်တော့် ပရိသတ်တွေကိုလည်း insight ကို အကြမ်းဖျဉ်းမျှဝေပေးချင်တာရယ်ပါ။ ဒေတာတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော့်အတွက်တော့ သင်ခန်းစာပါပဲ" ဆိုပြီးတော့ ဧပြီလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။ 

Photo: RBV

စိုင်းစိုင်းဟာ ပုံမှန်အားဖြင့် သူ့ကို ဘယ်သူတွေက ဘယ်လို အားပေးကြတယ်ဆိုတာကို Facebook Page မှာ စစ်ကြည့်တာမျိုး မလုပ်ဖြစ်ဘူးလို့ဆိုပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ အလုပ်ကိစ္စကြောင့် စစ်ဆေးကြည့်ရာမှာ တော်တော် စိတ်ဝင်စားလာမိတယ်လို့ ပြောပါတယ်။ 

"အချက်အလက်တွေဆိုတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ပုံမှန်အားဖြင့်ဆိုရင် ကိုယ့်ကိုယ်ရှုပ်နေပြီးတော့ ကျွန်တော့် Page insight ကို ဝင်ကြည့်လေ့မရှိပေမယ့် အခု Company တစ်ခုက demographic တောင်းလို့ ဝင်ကြည့်တော့မှ တချို့ Data တွေက ကိုယ်ထင်သလို မဟုတ်မှန်းသိလာတယ်။ " လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းက ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်း(Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က