မိန်းကလေးချင်းတွဲနေတာ မဟုတ်ဘူးလို့လည်း ငြင်းဆိုထားပါတယ်။

ပိုပိုဟာ မိန်းကလေးချင်း တွဲနေတာ မဟုတ်တဲ့အကြောင်း ငြင်းဆိုလိုက်ပါတယ်။ သူမဟာ အသက် ၃၀ ကျော်ရင်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားတော့မယ်လို့ပြောပါတယ်။

အဆိုတော် ပိုပိုကိုတော့ ပရိသတ်တွေက မိန်းကလေးချင်း ချစ်သူထားနေတာလားလို့ မေးခွန်းတွေ ထုတ်လာခဲ့ကြပါတယ်။ အဆိုတော်ပိုပိုနဲ့ ချယ်ရီသင်း တို့နှစ်ယောက်ဟာ အလှူတစ်ခုကို အတူတူလုပ်ကြရင်း အွန်လိုင်းမီဒီယာ အင်တာဗျူး တွဲနေကြတယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဒါကြောင့် မိန်းကလေးချင်းတွဲနေတာလား ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါသေးတယ်။ မိန်းကလေးချင်း စိတ်ဝင်စားနေတာမဟုတ်ဘူးလို့လည်း ပိုပိုက မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။



“မိန်းကလေးချင်းမတွဲပါဘူး။ ပိုပို့ကို သူက ကိုယ့်ကို အားကျတာတွေရှိတဲ့အကြောင်းပြောတယ်။ပြီးတော့ အစ်မသာ ယောကျ်ားလေးဖြစ်ရင် သမီးက ယူမှာလို့ပြောတော့ ကိုယ်ကလည်း ဘာမှမပြောသေးဘူး။ ဖြစ်ချင်တော့ ကိုယ်ကလည်း ဆံပင်ကတိုတို၊ ဝတ်ထားတဲ့ အဝတ်အစားနဲ့ကလည်း ယောကျ်ားလေးပုံစံဖြစ်နေတာ ကွက်တိ။ သူက ရှက်နေတော့ ပိုပိုကလည်း စလိုက်တာ။ အင်တာဗျူးကို မတင်တော့ဘူးတောင် ထင်နေတာ ထွက်လာတော့ တကယ်ထင်နေကြတာ။ ပိုပိုကတော့ ယောကျ်ားလေးပဲ ကြိုက်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ညက တိမ်တွေပေါ်က ပန်း ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Po Po

ပိုပိုဟာ အိမ်ထောင်ပြုဖို့အတွက်လည်း စဉ်းစားနေပြီလို့ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဖူးစာကံအခြေအနေက ဘယ်လို ဖြစ်လာမလဲ သေချာ မသိသေးဘူးလို့လည်း ဆိုပါတယ်။

“ တွဲခဲ့တဲ့ ရည်းစားတွေကတော့ အသားဖြူတာများပါတယ်။ အရပ်လည်းရှည်တယ်၊ မျက်ခုံးကောင်း ကောင်းတွေတော့ရှိတယ်။ အဆင်တွေပဲ တွဲတာများတယ်။ အားကိုးစရာ ယောကျ်ားယူမယ်လို့တော့ စဉ်းစားတယ်။ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး။ အသက် ၃၀ ကျော်ရင်တော့ ယူတော့ ယူချင်တယ်ပေါ့နော်။ ကိုယ်က ယောကျ်ားယူချင်တယ်ပြောပေမယ့် မရတာတော့ မတတ်နိုင်ဘူး” လို့ သူကဆိုပါတယ်။

အိမ်ထောင်ပြုဖို့ တွေးနေတဲ့ ပိုပိုဟာ သူမ လိုချင်တဲ့ လက်တွဲဖော် ပုံစံကိုလည်း ပြောပြလာပါတယ်။ အချစ်ရေးကိုတော့ နှလုံးသားနဲ့ ရွေးချယ်မယ်လို့ ဆိုပါတယ်။

“ အဓိက ကတော့ ကိုယ့်ကို ချစ်ရမယ်၊ ကိုယ့်ကို ဂရုစိုက်ရမယ်။ ကိုယ်မှကိုယ်ဖြစ်နေရမယ်။ ကိုယ့်ပြောစကားနားထောင်ရမယ်။ ကိုယ့်ကို အရိပ်တကြည့်ကြည့်လေး ကြည့်ပြီးတော့ ချစ်နေတဲ့ ယောကျ်ားမျိုးကို ရွေးချယ်မှာ။ နှလုံးသားနဲ့ပဲ ရွေးချယ်မှာ။ ယောကျ်ားတစ်ယောက်ရဲ့ အရည်အချင်းအပြည့်အဝရှိရမယ်၊ ပညာတတ်ရမယ်။ ပိုက်ဆံမရှာနိုင်တဲ့ ယောကျ်ားတော့ မယူဘူး” လို့ ဆိုပါတယ်။

Photo: Po Po

ပိုပိုက လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။ ပိုပိုက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ မကြာခင်ရုံတင်ပြသတော့မယ့် တိမ်တွေပေါ်က ပန်း ရုပ်ရှင်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က