မျက်နှာပြင်ဖတ်စနစ်နဲ့ခြေရာခံနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

နယူးယော့ခ်က ကျောင်းသားတစ်ယောက်ဟာ Apple Stores ဆိုင်တွေမှာ ပစ္စည်းခိုးမှုနဲ့ဆက်စပ်ပြီး မှားယွင်းဖမ်းဆီးခံရပြီးနောက် Apple ကို တရားစွဲခဲ့ပါတယ်။

         အသက် ၁၈ နှစ်အရွယ် အော့စ်မန်နီဘာ့ဟာ မက်ဟန်တန် ၊ ဘော့စတွန် ၊ နယူးဂျာစီ နဲ့ဒီလာဝဲလ်တို့မှာ ရှိတဲ့ Apple Stores တွေက ပစ္စည်းခိုးမှု သံသယနဲ့နိုဝင်ဘာ ၂၉ ရက်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့CNET သတင်းမှာ ဖော်ပြထားပါတယ်။ Apple Store ဆိုင်တွေက မျက်နှာပြင်ဖတ်ဆော့ဖ်ဝဲလ်ဟာ ဒီခိုးမှုမှာ ဘာ့နဲ့ဆက်စပ်နေတယ်လို့မှားယွင်းဖော်ပြခဲ့တာပါ။



Photo: Bloomberg

         အမှန်တကယ်ခိုးသူဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၃၁ ရက်နေ့က ဘော်စတွန်မှာ ရှိတဲ့ Apple Store ဆိုင်ထဲက Apple Pencil အပါအဝင် ဒေါ်လာ ၁၂၀၀ တန် ပစ္စည်းတွေ ခိုးသွားခဲ့တာ ဖြစ်ပြီး အဲသလို ခိုးစဉ်က ဘာ့ရဲ့ နာမည် ၊ လိပ်စာ နဲ့တစ်ခြား အချက်အလက်တွေ ပါတဲ့ ID ကို သုံးသွားခဲ့တာ ဖြစ်တယ်လို့တရားစွဲမှုမှာ ပြောထားပါတယ်။ ဒီ ID မှာ ဘာ့ရဲ့ ဓါတ်ပုံမပါခဲ့ဘဲ ဘော်စတွန်မှာ ဒီခိုးမှု ဖြစ်တဲ့ နေ့မှာ ဘာ့ဟာ မက်ဟန်တန်မှာ ကျောင်းတက်နေခဲ့တာပါ။

         ဘာ့ကို သံသယနဲ့ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထောက်လှမ်းရေးတစ်ယောက်ကတော့ မက်ဟက်တန်စတိုးမှာ ရှိတဲ့ စောင့်ကြည့်ရေးဗွီဒီယိုကို ကြည့်ပြီးနောက် ဘာ့နဲ့မတူဘူးလို့ပြောခဲ့ပါတယ်။ ဒီမှတ်ချက် ထွက်လာပြီးနောက် နယူးဂျာဏီကလွဲပြီး ကျန်ပြည်နယ်တွေမှာ ဘာ့ကို တရားစွဲမှု ရပ်ဆိုင်းခဲ့ပါတယ်။ကောလိပ်မှာ ပထမနှစ် စတင်နေတဲ့ ဘာ့ဟာ အဖမ်းခံရမှုကြောင့် အရှက်ရခဲ့သလို နှစ်လယ်စာမေးပွဲတစ်ခုလည်း မဖြေလိုက်ရဘူးလို့ဆိုပါတယ်။

         "နယူးယော့ခ်မှာ အဖမ်းခံရပြီး တစ်ခြား ပြည်နယ် တွေ ပတ်ပြီး တရားရင်ဆိုင်ရတာကြောင့် မစ္စတာဘာ့ဟာ ကျောင်းတက် ပျက်ကွက်ခဲ့သလို အဆင့်တွေလည်း ကျခဲ့ပါတယ်။"လို့တရားစွဲမှုမှာ ဖော်ပြထားပါတယ်။ အပြစ်မရှိဘဲ အမှုရင်ဆိုင်ရတာကြောင့် စိတ်ပိုင်းထိခိုက်မှုလည်း ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ တရားစွဲမှုမှာ Apple Store ဆိုင်အတွင်း ပစ္စည်းအခိုးခံရမှုမှာ Apple ဟာ ဆိုင်လာတဲ့ သူတွေကို ခိုးမယ်ဆိုတဲ့ သံသယနဲ့ခြေရာခံဖို့မျက်နှာပြင်ဖတ်စနစ် သုံးတာလည်း ပါဝင်ခဲ့ပါတယ်။ Apple ကတော့ Apple Store ဆိုင်တွေမှာ မျက်နှာပြင်ဖတ်နည်းပညာ သုံးပြီး ဆိုင်လာတဲ့ ဧည့်သည်တွေကို ခြေရာခံခြင်း မရှိဘူးလို့ငြင်းဆန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က