တနင်္ဂနွေနေ့မှာ ချယ်ဆီးနဲ့ လီဗာပူးတို့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာပါ။

ချယ်ဆီးအသင်းဟာ ယခုရာသီအစောပိုင်းမှာပဲ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့ပြီး ပေါင်သန်း ၆၀ တန် ကစားသမား ၂ ဦး ပိုင်ဆိုင်ထားတယ်လို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချီးကျူးပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြသစ်လမ်းပတ်လက်ထက်မှာ ခြေစွမ်းတည်ငြိမ်ဖို့အတွက် ကြိုးပမ်းနေရပေမယ့် ဂိုးသွင်းနှုန်းကတော့ သိသိသာသာများပြားနေပြီး ၅ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းထက် ပိုမိုသွင်းဂိုးများပြားတဲ့အသင်းအဖြစ် ဆုဖလားစိန်ခေါ်သူတွေဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာစီးတီးအသင်းတို့သာ ရှိနေတာဖြစ်ပြီး ချယ်ဆီးတိုက်စစ်မှူး တန်မီအေဘရာဟမ်ဟာ ဝုဗ်အသင်းကို ၅-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“တမ်မီအေဘရာဟမ်က အခုဆိုရင် ပေါင်သန်း ၆၀ တန်ကစားသမားဖြစ်နေပါပြီ။ မေဆင်မောင့်ကလည်း အဲဒီထက်မပိုရင်တောင် အဲဒီလောက်တော့ရှိနေမှာသေချာပါတယ်။ ဟတ်ဒ်ဆန်အိုဒွိုင်းကတော့ အရင်ကတည်းက အဲဒီလောက်ရှိနှင့်ပြီးသားပါ”



“ခင်ဗျားမှာ နောက်ထပ် နှစ် ၂၀ လောက် ကစားနိုင်တဲ့ပုံပေါက်တဲ့ ကန်တေလည်းရှိတယ်။ အဲဒါက မယုံကြည်နိုင်စရာပါပဲ။ ကိုဗာဆစ်၊ ဘာကလေတို့လည်း ရှိတယ်။ သူတို့အနားမှာ အတွေ့အကြုံရှိတဲ့ကစားသမားတွေရှိနေတယ်။ ပက်ဒရို၊ ဝီလီယံ၊ ဂီရော့ဒ်တို့ကလည်း အရန်ခုံကနေ ဝင်ကစားနိုင်တယ်။ ဘတ်ရှူဝါရီလည်းရှိတယ်”လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

ဝုဗ်ကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်း ရရှိခဲ့တဲ့ သွင်းဂိုး ၅ ဂိုးစလုံးဟာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဒါမှမဟုတ် အသက် ၂၁ နှစ်ထက် ငယ်ရွယ်တဲ့ ကစားသမားတွေကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က