ပီအက်စ်ဂျီအသင်းဟာ ချယ်ဆီးက ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ ဇင်းနစ်ကွင်းလယ်ကြယ်ပွင့် လီအန်ဒရိုပါရီဒက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီး ချယ်ဆီးထက် လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ ပါရီဒက်စ်ရဲ့ ပြောင်းရွှေ့ကြေးအတွက် ပီအက်စ်ဂျီအသင်းက ယူရို ၄၅ သန်းပေးချေရမယ်လို့ Sportskeeda ရဲ့သတင်းအရ သိရပါတယ်။
လီအန်ဒရိုပါရီဒက်စ်ကို ချယ်ဆီးအသင်းက ထိပ်တန်းပစ်မှတ်အဖြစ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပါရီဒက်စ်က လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပါရီဒက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပြီး ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်က ဇန်နဝါရီလမှာ ကွင်းလယ်ကစားသမားတစ်ဦးကို အရခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အပြောင်းအရွှေ့အမှန်တကယ်ဖြစ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်း ကွင်းလယ်ကြယ်ပွင့် ရာဘီရော့ဟာ အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းပယ်ခဲ့တာကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ထားချိန်မှာ မာကွင်ဟို့စ်နဲ့ ဒန်နီအဲဗက်စ်တို့ကို ကွင်းလယ်နေရာမှာ အလှည့်ကျ ကစားစေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် တူချယ်က ကွင်းလယ်အတွက် လူအင်အားဖြည့်တင်းဖို့ မဖြစ်မနေလိုအပ်နေတယ်လို့ ယုံကြည်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပါရီဒက်စ်ရဲ့အပြောင်းအရွှေ့ကို လျင်လျင်မြန်မြန်ပြီးမြောက်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းက ပါရီဒက်စ်ကို ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။