ထားထက်ထက် ကတော့ " ငါတို့ အားလုံးရဲ့ မြေ" သီချင်းထဲမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကိုယ်ရံတော် ကာရိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။
Photo: Htar Htet Htet
သရုပ်ဆောင် ထားထက်ထက်ကတော့ အဆိုတော် ယုန်လေးကိုယ်တိုင်ပုံဖော်ထားတဲ့ " ငါတို့ အားလုံးရဲ့ မြေ" Music Video ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဒီ Music Video မှာ သူပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။
"Music Video ကိစ္စမှာက ကိုယုန်လေးက ဖုန်းဆက်လာပြီး မချယ်ရီထက်နေရာလိုမျိုးကနေ တခန်းလောက် သရုပ်ဆောင်ပေးပါညီမလေးလို့ပြောတဲ့အခါ Music Video ဖြစ်တာကတစ်ကြောင်း(ရုပ်ရှင်ဇာတ်လမ်းတွေဆို ဇာတ်လမ်း ဇာတ်ညွှန်းသေချာမရရင် မရိုက်ဖြစ် သေချာရွေးချယ်ပြီး တချို့အရာတွေဆို လက်မခံပဲ မရိုက်ခဲ့တာတွေလဲရှိပါတယ်။) မချယ်ရီထက်ကို တကယ်သဘောကျလေးစားတာက တစ်ကြောင်း အဲ့လိုနေရာမျိုးကို ကိုယ့်အနေနဲ့ အပြင်လောကမှာ ဘယ်တော့မှ မချယ်ရီထက်လိုမဖြစ်နိုင်တာက တစ်ကြောင်းကြောင့် အဲ့အချက်ကြောင့်ပဲ သရုပ်ဆောင်ပေးဖို့လုပ်ခဲ့ပါတယ်။ တကယ်ကို တခြားဘာအကြောင်းအရာမှမပါသလို အနုပညာကြေး တပြားတချပ်မျှ မယူပဲ အနုပညာသမားအချင်းချင်း ကူညီပေးခဲ့တာပါ" ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ ညနေ (၅) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Htar Htet Htet
ငါတို့ အားလုံးရဲ့ မြေ သီချင်းထဲမှာတော့ ထားထက်ထက်ဟာ ကိုယ်ရံတော် တစ်ယောက်အဖြစ် ပါဝင်ခဲ့တာပါ။ လက်ရှိ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ကြုံနေရတာကြောင့် နောက်နောင် အခုလို မဖြစ်စေဖို့ ပိုပြီး ဆင်ခြင်သွားမယ်လို့ ဆိုပါတယ်။
Photo: Htar Htet Htet
" ငါတို့ အားလုံးရဲ့ မြေ" Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Ganster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ(၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင် Original Ganster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။