ယခုရာသီမှာ ပွဲထွက်ကစားသမားအဖြစ် မကစားရသေးသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က ဟတ်ဒ်ဆန်အိုဒွိုင်းအနေနဲ့ ချယ်ဆီးအသင်းကနေ ထွက်ခွာသင့်တယ်လို့ ယုံကြည်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းက ဟတ်ဒ်ဆန်အိုဒွိုင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး အနည်းဆုံး ပေါင် ၃၅ သန်းတန်ဖိုးရှိတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



ဟတ်ဒ်ဆန်အိုဒွိုင်းကို လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းက ထပ်မံကြိုးစားဖွယ်ရှိနေပြီး ဖာဒီနန်က အိုဒွိုင်းကို စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာဖို့ သေချာစဉ်းစားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ကစားခွင့်မရရှိသေးသူဖြစ်ပြီး ဖာဒီနန်က Daily Mirror နဲ့ တွေ့ဆုံချိန်မှာ ချယ်ဆီးလူငယ်ကြယ်ပွင့် ဟတ်ဒန်ဆန်အိုဒွိုင်းကို အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

“တကယ်လို့ ကျွန်တော်သာ အပတ်တိုင်း ချယ်ဆီးအသင်းမှာ ပွဲထွက်ကစားခွင့်ရနေရင် ဒါမှမဟုတ် အနည်းဆုံး ပုံမှန်ကစားချိန်ရရှိနေရင်တော့ အသင်းမပြောင်းဘူးလို့ပဲ ပြောမှာပါ”

“ချယ်ဆီးအသင်းက ကြီးမားတဲ့အသင်းတစ်သင်းပါ။ သူက လန်ဒန်က သူ့အိမ်မှာ ရှိပါတယ်။ သူ့ကို ကျွန်တော်တို့ မြင်ခဲ့တာကတော့ သေးငယ်တဲ့အပိုင်းအစတွေထဲက ငယ်ရွယ်တဲ့ အင်္ဂလိပ်ပါရမီရှင်ကစားသမားတစ်ဦးပါ”

“သူ ဘယ်လောက်ကစားချိန်ပိုရမလဲဆိုတာ ကျွန်တော် မသိပါဘူး”

“ကျွန်တော်သာ သူ့နေရာမှာဆိုရင် ပွဲကစားချိန်မရဘူး။ ဂျေဒန်ဆန်ချိုနဲ့ ရိစ်နယ်ဆင်တု့ိ ဂျာမနီကို ပြောင်းသွားကြတာမြင်မယ်။ အခြားလူငယ်ကစားသမားတွေကလည်း အသင်းမှာ ကစားချိန်ရရှိနေပြီး ကျွန်တော်က ကိုယ်က ပိုကောင်းတယ်လို့ ယူဆခဲ့မယ်ဆိုရင် ကျွန်တော် ထွက်သွားမှာပါ”

“ကျွန်တော် သွားတော့မယ်လို့ပဲ ကျွန်တော် ပြောရမှာပါ”

“ကျွန်တော့်မှာ ပထမအသင်းထဲမှာ ပါဝင်ဖို့နဲ့ အခွင့်အလမ်းတွေအတွက် စစ်မှန်တဲ့အခွင့်အရေးရှိတယ်လို့ ကျွန်တော် ခံစားချင်လို့ပါ”

“ဆာရီရဲ့လက်အောက်မှာ အခုအချိန်အထိပေါ့။ သူ အဲဒီမှာထိုင်ပြီး စဉ်းစားနေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ‘အခု အဆင်သင့်ဖြစ်နေပြီလို့ ငါခံစားနေရချိန်မှာ သူ့ရဲ့အစီအစဉ်ထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ငါမခံစားရဘူး’လို့ တွေးနေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က