၂၀၁၇ နွေရာသီတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ချယ်ဆီးကြယ်ပွင့်ကွင်းလယ်ကစားသမား ဝီလီယံကို ခေါ်ယူဖို့ နောက်ထပ်တစ်ကြိမ် စိတ်ဝင်စားမှုရှိနေကြောင်း Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘရာဇီးလ်လက်ရွေးစင််ကြယ်ပွင့် ဝီလီယံဟာ ဘာစီလိုနာအသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့သူဖြစ်ပြီး ယခုရာသီကုန်မှာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Mundo Deportivo ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် အခွင့်အရေးကောင်းကို အရယူသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပြီး စောနိုင်သမျှအစောဆုံး လာမယ့်ဇန်နဝါရီလမှာ အကြိုသဘောတူညီမှုရရှိအောင် ပြုလုပ်သွားလိမ့်မယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ အရင်တုန်းကလည်း ဝီလီယံကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ဖူးပြီး ချယ်ဆီးအသင်းက လက်မခံဘဲ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်နွေရာသီမှာ ဘာစီလိုနာက ဝီလီယံအတွက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတာကြောင့် ဘော်ဒိုးကြယ်ပွင့် မဲလ်ကွန်ကို ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

ဝီလီယံဟာ ယခုရာသီ နည်းပြသစ်ဖရန့်လမ်းပတ်ရဲ့ လက်အောက်မှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနေသူဖြစ်ပြီး ၃ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၃ နေရာအထိ တက်လှမ်းထားနိုင်ခဲ့ပြီး နည်းပြလမ်းပတ်ကလည်း ဝီလီယံကို စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ဆက်ရှိနေစေချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသထားတာဖြစ်ပါတယ်။

Share

က္က