ဘိုင်ယန်မြူးနစ်ကို ပြောင်းဖို့ စဉ်းစားခဲ့တာပါ။

ချယ်ဆီးလူငယ်ကြယ်ပွင့် ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ပြီးခဲ့တဲ့ရာသီက ချယ်ဆီးအသင်းမှာ ရှိနေရတာကို စိတ်ပျက်မိခဲဲ့တယ်လို့ ပြောကြားခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းရင်း အချိန်ကုန်ဆုံးခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း Bleacherreport ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နောက်ဆုံးမှာတော့ ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို မပြောင်းရွှေ့ခဲ့ဘဲ ချယ်ဆီးအသင်းမှာပဲ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အိုဒွိုင်းဟာ နည်းပြသစ်ဖရန့်လမ်းပတ်ရဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်က အခန်းကဏ္ဍက ၎င်းကို တန်ဖိုးရှိတဲ့သူအဖြစ် ခံစားမိစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖရန့်လမ်းပတ်နဲ့ ဟတ်ဒ်ဆန်အိုဒွိုင်းတို့ဟာ စကားတစ်ခါလောက်သာ ပြောခဲ့ကြပေမယ့်လည်း အသက် ၁၉ နှစ်အရွယ်လူငယ်ကစားသမားကို အသင်းမှာ ဆက်ရှိနေအောင် စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။

“သူ ဘာပြောခဲ့လဲဆိုတာတော့ ကျွန်တော် အတိအကျ ပြန်မပြောနိုင်ပါဘူး။ ဒါပေမယ့် သူက တကယ်လို့ ကျွန်တော်သာ ကိုယ့်ဘာသာယုံကြည်မှုရှိရင် သူလည်း ကျွန်တော့်ကို ယုံကြည်မှုပေးပြီး ဒီအသင်းမှာ အရာအားလုံးက ကျွန်တော့်အတွက် ကောင်းမွန်လာမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် လုပ်ခဲ့ပါတယ်။ ပြီးတော့ သူကလည်း ကျွန်တော့်ကို သူ့အတွက် ကစားပေးစေချင်ခဲ့ပါတယ်”

ဖရန့်လမ်းပတ်ဟာ ချယ်ဆီးအသင်းမှာ အမြဲတမ်း လိုအပ်ခြင်းခံနေရတဲ့သူအဖြစ် မခံစားရတဲ့ ဟတ်ဒ်ဆန်အိုဒွိုင်းကို အားပေးစကားပြောကြားခဲ့ပြီး နည်းပြဆာရီ တာဝန်ယူကိုင်တွယ်ချိန်တုန်းက ဘိုင်ယန်အသင်းက စိတ်ဝင်စားမှုပြသချိန်မှာ ဖြစ်ခဲ့တဲ့စိတ်ကို အိုဒွိုင်းက ပြောပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော် နည်းနည်းစိတ်ပျက်ခဲ့ရတဲ့ အချိန် ဒါမှမဟုတ် ကျွန်တော် ပိုပြီးကစားချင်ခဲ့တဲ့ အချိန်ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘောလုံးပွဲကို နှစ်သက်တယ်။ ကျွန်တော် တွေးနေခဲ့တာက ‘ငါ ဘိုင်ယန်ကို သွားမယ်ဆိုရင်ရော ဘာတွေဖြစ်လာမလဲ’ဆိုတာပါ”လို့ Daily Telegraph ကို ပြောကြားခဲ့ပါတယ်။

Share

က္က