ဝေဖန်မှုတွေ အလူးအလဲ ခံနေရတဲ့ ခြူးလေးက ပြန်ဖြေရှင်းထားတာပါ။

အသည်းကွဲဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ခြူးလေးက ခဏတာ ယိုင်လဲမှုတွေကို အံတုပြီး လက်ရှိမှာ ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ထားတယ်လိုု့ ဆိုပါတယ်။

we love hein koko kyaw & chue lay

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ခြူးလေးဟာ အသည်းကွဲတဲ့ ဒဏ်ကြောင့် ကိုယ့်ကိုကိုုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ အဲ့ဒီအချိန်ခဏတာ အတွင်းမှာ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလည်း ပိတ်ထားခဲ့တာ တွေ့ရပါတယ်။ အခုတော့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ပြန်သုံးနေပြီဖြစ်ကာ သူ့ရဲ့ စိတ်ခံစားချက်တွေ ပြန်အဆင်ပြေပြီလို့ ပြောထားတာတွေ့ရပါတယ်။

“စိတ်ပူပေး ကြတဲ့ သူတွေအားလုံး ကို ခြူးလေးတကယ် လှိုက်လှိုက်လှဲလှဲရင်ထဲက ကျေးဇူးတင်ပါတယ် ရှင်။ လူငယ်တစ်ယောက် အနေနဲ့ ဘဝ ရဲ့ အဆင်မပြေမှု များ ကြောင့် ခဏတာလေး ယိုင်လဲသွားတာပါ။ အခု အရာအားလုံးကို မေ့ပစ်ပြီး စိတ်ဓာတ် ခိုင်မာစွာနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ထားပါတယ်'' လို့ သူကဆိုပါတယ်။

Photo : chue Lay FB

အခက်အခဲ ကြုံနေရတဲ့အချိန်မှာ သူ့မဘက်ကရှိနေပြီး အခက်အခဲတွေကို ဖြေရှင်းပေးခဲ့တဲ့ သူငယ်ချင်းအမများကိုလည်း သူမအနေနဲ့ ကျေးဇူးတင်ကြောင်းပြောထားတာလည်း တွေ့ရပါတယ်။

“ခြူးကိုညီမအရင်းလို ချစ်ပြီး တန်ဖိုးထားပေးတဲ့ မဂျူဂျူးပန်ထွာနဲ့ တခြား သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များကိုလည်း တကယ့် အခက်ခဲ ကြုံချိန်မှာ အရမ်းကို လေးစားချစ်ခင်မိပါတယ် အမတို့ရဲ့ ခြူးလေးအပေါ်မှာထားရှိတဲ့ မေတ္တာ တရားတွေ ဟာ တခြားသူတွေ အတွက် ဝေဖန်မှုတွေ ဖြစ်လာခဲ့တာကို ခြူးလေး တကယ် အားနာပြီး စိတ်မကောင်းဖြစမိပါတယ်အခု ခြူးလေး ဖြစ်ခဲ့ရတာတွေကလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ အရာရာ ဟာ ကံတရားလို့ဘဲ သတ်မှတ်ထားပါတယ် ။ခုလို ပြန်ရှင်းပြရတာကလည်း Page များရ ဲ့ ပြင်းထန်လှတဲ့ ခေါင်းစဉ်အမျိုးမျိုး ရဲ့ အောက်မှာ အလူးအလဲ ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ကာယကံရှင် ဖြစ်တဲ့ ခြူး ရယ် မဂျူးဂျူးပန်ထွာရယ်တစ်ယောက်သောသူ အတွက်ရယ်ပါ” ဆိုပြီး သူမက ဆက်လက်ရေးသားထားတာတွေ့ရပါတယ်။

Photo : chue Lay FB

ခြူးလေးဟာ သရုပ်ဆောင် ဟိန်းကိုကိုကျော်နဲ့ချစ်သူအဖြစ် လမ်းခွဲခဲ့ပြီးနောက်ပိုင်းအသည်းကွဲ ဒဏ်ကို မခံစားနိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း(၂)ကျော်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။နှစ်ယောက်သား လမ်းခွဲပြီး(၂)လအကြာမှာ ယခုလို ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့တာပါ။

ခြူးလေးရဲ့ သတင်းကြောင့် သူ့ရဲ့ ပရိသတ်တွေလည်း အရမ်းကို စိုးရိမ်ခဲ့ကြရပါတယ်။ ခြူးလေးဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။

Share

Loading Next Article...
က္က