ထူးခြားကတော့ ၃က ရုပ်ရှင်မှာ ပါတဲ့ ကာရိုက်တာအပေါ် အရမ်းကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာကိုလည်း ကျေးဇူးတင်စကားတွေ ပြောခဲ့ပါတယ်။
Photo: Htoo Char
သရုပ်ဆောင် ထူးခြားကတော့ ၃က ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခပ်ဆိုးဆိုး လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သဘောကျတဲ့ ကာရိုက်တာဖြစ်လို့လည်း ကျေနပ်မှုရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ဒီကာရိုက်တာကို ပေးသရုပ်ဆောင်တဲ့ ကိုအောင်ချမ်းလူကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော်ကလည်း ဒီလို ကာရိုက်တာမျိုးကို သရုပ်ဆောင်ချင်တာ။ ပေါက်ကရတွေပေါ့ ဒါကလည်း ကာရိုက်တာ တစ်ခုပါပဲ။ ဒါက ကျွန်တော် လုပ်နေကြ မဟုတ်တဲ့ ကာရိုက်တာ တစ်ခုပေါ့။ အဲဒီအတွက် ကျွန်တော်က စိတ်ဝင်စားတယ်။ ဘယ်ကာရိုက်တာမဆို လုပ်တယ်” လို့ သူကဆိုပါတယ်။
Photo: Htoo Char
အနုပညာအလုပ် လုပ်နေတာဖြစ်လို့ ကာရိုက်တာရွေးမှာ မဟုတ်ဘူးလို့လည်း ထူးခြားက ပြောပါတယ်။ သူ့အတွက် အဓိကထား ကြိုတင်ပြင်ဆင်လေ့ရှိတဲ့ အရာကတော့ ဖက်ရှင်အပိုင်းပါပဲတဲ့။
“ ဒီဇာတ်ကားရိုက်မယ်လို့ လာကမ်းလှမ်းတော့ ဇာတ်ညွှန်းကို သေသေချာချာဖတ်ခဲ့တယ်။ ကျွန်တော့်အကျင့်အရ တွေဝေတာလည်းမရှိဘူး၊ စဉ်းစားတာလည်းမရှိဘူး။ သရုပ်ဆောင်အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် မည်သည့်နေရာမဆို သရုပ်ဆောင်နေရရင်ပြီးတာပဲ။ ဇာတ်ကားတစ်ကားအတွက် ကြိုတင်ပြင်ဆင်ရမယ်ဆိုရင်လည်း ကျွန်တော်ပါရမယ့် ဇာတ်ဝင်ခန်းတွေကို ကြည့်ပြီးတော့ ဒါရိုက်တာနဲ့တိုင်ပင်တယ်။ အဓိက က အဝတ်အစားနဲ့ ပတ်သက်တာကို ပိုပြင်ဆင်ပါတယ်” လို့ ဆိုပါတယ်။
Photo: Htoo Char
၃က ရုပ်ရှင်ဇာတ်ကားကြီး ရိုက်တုန်းက အမှတ်တရတွေကိုလည်း ထူးခြားက ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။ ဒါရိုက်တာ သင်ပေးတဲ့အတိုင်း ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
“ ဇာတ်ကောင် တစ်ခုအတွက် Mood တွေ ဘာတွေ ဆိုတာကလည်း မနက်မိုးလင်းရင် ရှုတင်သွားတယ်။ ဒါရိုက်တာဝတ်ခိုင်းတဲ့ အဝတ်အစားဝတ်တယ်။ ပြီးရင် ဇာတ်ညွှန်းပေးပြီးရင် ကိုယ်တတ်သလောက် သရုပ်ဆောင်ပြတယ်။ မှားနေလို့ ပြောရင်လည်း သူတို့ သင်ပေးတဲ့အတိုင်း ကျွန်တော် တူအောင် လိုက်လုပ်တယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က မကောင်းတဲ့ ကောင်လေးပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ၃က ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲတုန်းက ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Yansta Photography .
ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
Share