၆၅ ရာခိုင်နှုန်းဝယ်လိုက်တာပါ။

ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ထင်ရှားတဲ့ စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ YKKO ရဲ့ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို Yoma Strategic ကုမ္ပဏီက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

Photo - Yoma Strategic FB

YKKO လို့ လူသိများတဲ့ Yankin Kyay Oh Group of Companies Limited ရဲ့လက်ရှိနဲ့ ခန့်မှန်းဝင်ငွေ တို့ကို တွက်ချက်ပြီးတော့ ၆၅ ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်း ပေးချေရန် သတ်မှတ်ထားတယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

ရန်ကင်းကြေးအိုးဟာ လွန်ခဲ့တဲ့ အနှစ်(၃ဝ) ကျော်က ရန်ကင်းကနေ စခဲ့တဲ့ ဆိုင်လေးဖြစ်ခဲ့ပြီး အခုအခါမှာတော့ ဆရာစံဆိုင်ခွဲအပါအဝင် မြို့ ၅ မြို့မှာ ဆိုင်ပေါင်း (၄ဝ) နီးပါးရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

"Yoma Strategic Holdings လို YKKO နှင့် ရည်တည်ချက်ခြင်းတူတဲ့ အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး နိုင်ငံတကာကို လှမ်းနိုင်တဲ့ မြန်မာအမှတ်တံဆိပ်တစ်ခုဖြစ်ဖို့ ကြိုးစားဆောင်ရွက်သွားပါ့မယ်။” ဟု YKKO ရဲ့ ဥက္ကဌ ဒေါ်ယုယုလွင်က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

Photo - Yoma Strategic FB

ကြေးအိုးဟာ ကြာဇံနဲ့ ဆန်ပြားခေါက်ဆွဲအပေါ်အခြေခံတဲ့ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ စားသောက်ဖွယ်တစ်ခုဖြစ်ပြီး YKKO ဟာ ၎င်းရဲ့ ကြေးအိုးကြောင့် နာမည်ကြီးလူသိများပါတယ်။

Yoma Strategic Holdings Ltd ဟာလည်း စင်ကာပူစတော့အိတ်ချိန်း Singapore Securities Exchange Trading Limited (SGX-ST) မှာ စာရင်းသွင်းမှတ်ပုံတင်ထားပြီး မြန်မာနိုင်ငံမှာတော့ အိမ်ခြံမြေ၊ စားသောက်ကုန်၊ ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စတဲ့လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်တဲ့ စီးပွားရေးကော်ပိုးရေးရှင်းကြီး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က