လီဗာပူးလ်ထက် လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အနေနဲ့ ၀ါနာရဲ့စာချုပ်ပါလျော်ကြေး ပေါင် ၅၃ သန်းကို ပေးချေဖို့ နှောင့်နှေးနေခဲ့ချိန်မှာ ချယ်လ်ဆီးက ဝင်ရောက်ကမ်းလှမ်းခဲ့တာဖြစ်ပြီး မြန်မြန်ဆန်ဆန်ပဲ သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ Telegraph က ဖော်ပြခဲ့ပါတယ်။


တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိသွားခဲ့ပြီလို့သိရပြီး အသေးစိတ်ညှိနှိုင်းမှုတွေကိုသာ ပြုလုပ်ဖို့ရှိတော့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မီဒီယာအများအပြားက ဖော်ပြခဲ့ပြီးနောက်မှာ အပြောင်းအရွှေ့သတင်းတွေဆိုရင် ယုံကြည်ရလေ့ရှိတဲ့ The Telegraph နဲ့ Sky Sports တို့လို သတင်းဌာနကြီးတွေကလည်း ဖော်ပြလာခဲ့ကြပါတယ်။

လီဗာပူးလ်အနေနဲ့ ၀ါနာရဲ့စာချုပ်ပါလျော်ကြေး ပေါင် ၅၃ သန်းကို ပေးချေဖို့ နှောင့်နှေးနေခဲ့ချိန်မှာ ချယ်လ်ဆီးက ဝင်ရောက်ကမ်းလှမ်းခဲ့တာဖြစ်ပြီး မြန်မြန်ဆန်ဆန်ပဲ သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ Telegraph က ဖော်ပြခဲ့ပါတယ်။ ကလပ်အသင်းနှစ်သင်းကြား နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေကိုသာ ပြုလုပ်သွားရတော့မှာဖြစ်ပြီး မကြာခင်အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

၀ါနာဟာ ချယ်လ်ဆီးမှာ တစ်ပတ်လုပ်ခပေါင်နှစ်သိန်းအထိ ရရှိသွားမယ်လို့သိရပြိး ကစားသမားဝယ်ယူခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ချယ်လ်ဆီးက လာမယ့်ရာသီအတွက် ကျေနပ်စရာအင်အားဖြည့်တင်းမှုတွေကို ဆက်တိုက်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အေဂျက်ဇ်တောင်ပံကစားသမားဇီယက်ကိုလည်း ပေါင် ၃၇ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

တီမိုဝါနာကတော့ ဒီရာသီဘွန်ဒက်လီဂါမှာ ၂၅ ဂိုးအထိသွင်းယူပေးထားပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ရောက်ရှိအောင် လိုက်ဇစ်ကို ကူညီပေးထားနိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားရဲ့ ခြေစွမ်းကို စပါးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ချယ်လ်ဆီးဘက်က သွားရောက်စောင့်ကြည့်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဗဟိုတိုက်စစ်၊ နောက်ချန်တိုက်စစ်နဲ့ တောင်ပံနေရာတွေမှာပါ ကစားနိုင်စွမ်းရှိတဲ့ ၀ါနာကြောင့် ပက်ဒရို နဲ့ ဝီလီယံတို့ထွက်ခွာဖွယ်ရှိနေတဲ့ ချယ်လ်ဆီးအတွက်တော့ တော်တော်လေးအကျိုးရှိစေမယ့် ခေါ်ယူမှုဖြစ်ပါတယ်။ ဒီရာသီမှာ သွင်းဂိုးတွေအတွက် အေဘရာဟမ်တစ်ဦးတည်းကိုသာ အားကိုးနေခဲ့ရတဲ့ လမ်းပတ်အတွက်လည်း တိုက်စစ်ပိုင်းကို အင်အားတောင့်တင်းအောင် ဖြည့်ဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က