ရီးယဲလ်ကို ဟာဇက်ပြောင်းရွှေ့ခဲ့ရင် အသင်းဖော်ဟောင်းဖြစ်တဲ့ ကော်တိုရစ်နဲ့ ပြန်ဆုံစည်းရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့စူပါစတားကစားသမား အီဒက်ဟာဇက်ဟာ ယူအီးအက်ဖ်အေက ချယ်လ်ဆီးကို ကစားသမားခေါ်ယူခွင့် တစ်ရာသီပိတ်ခဲ့ပြီးနောက်မှာ အသင်းကထွက်ခွာဖို့ ပိုမိုနီးစပ်လာနေပြီလို့ Telegraph သတင်းဌာနကရေးသားဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို ယူအီးအက်ဖ်အေက ကစားသမားခေါ်ယူခွင့်တစ်ရာသီပိတ်ခဲ့ပြီးနောက်မှာ အသင်းအခြေအနေကအပြောင်းအလဲများစွာမြင်တွေ့လာရဖို့ရှိနေပါတယ်။ ပြစ်ဒဏ်အရ ချယ်လ်ဆီးအသင်းဟာ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အထိကစားသမားသစ်ခေါ်ယူခွင့်ရမှာမဟုတ်တဲ့အတွက် အသင်းက အဓိက,ကစားသမားအများစုထွက်ခွာဖွယ်ရှိနေတယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ အပြောင်းအရွှေ့အတွက် ထွက်ပေါ်နေတဲ့သတင်းတွေထဲမှာတော့ ဘယ်လ်ဂျီယမ်ကစားသမား ဟာဇက်က ထိပ်ဆုံးကပါ။

Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ ဟာဇက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ချယ်လ်ဆီးကထွက်ခွာဖို့အလွန်နီးစပ်နေပြီလို့သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီမစတင်ခင်ကတည်းက ဟာဇက်ကို လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့ပြီး ကစားသမားကလည်း ပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း နည်းပြဆာရီရဲ့စည်းရုံးမှုကြောင့် ချယ်လ်ဆီးမှာဆက်ရှိဖို့ဆုံးဖြတ်ခဲ့ပြီး တစ်ရာသီဆက်ကစားနေခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးအသင်းရလဒ်ဆိုးတွေအရ ဥရောပဝင်ခွင့်အတွက် ရုန်းကန်နေရသလို၊ အပြောင်းအရွှေ့ဈေးကွက်အပိတ်ခံရတဲ့အတွက်လည်း ဟာဇက်ဟာ ချယ်လ်ဆီးကထွက်ဖို့ ဆုံးဖြတ်သွားနိုင်တယ်လို့ Telegraph ကဖော်ပြထားပါတယ်။

ဟာဇက်ဟာ ၂၀၁၂ဘောလုံးရာသီမှာ ပြင်သစ်လီဂူးကလပ် လိုင်လီအသင်းကနေ ချယ်လ်ဆီးကိုပြောင်းလာတာဖြစ်ပြီး အဓိက,ကစားသမားအဖြစ်ခြေစွမ်းပြနေတာပါ။ ဟာဇက်ဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ အက်ဖ်အေဖလားချန်ပီယံ တစ်ကြိမ်၊ လိဂ်ဖလားချန်ပီယံ တစ်ကြိမ်၊ ယူရိုပါလိဂ်ချန်ပီယံ တစ်ကြိမ်ရယူထားနိုင်ပါတယ်။ အသင်းအတွက် ပြိုင်ပွဲစုံ ၃၃၄ပွဲမှာ ၁၀၄ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ ရီးယဲလ်ကို ဟာဇက်ပြောင်းရွှေ့ခဲ့ရင် အသင်းဖော်ဟောင်းဖြစ်တဲ့ ကော်တိုရစ်နဲ့ ပြန်ဆုံစည်းရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က