မြန်မာငွေ ၃ သိန်းအောက်ကနေ ၅ သိန်း ၇ သောင်းအထိ ကျသင့်မှာပါ

Xiaomi ရဲ့ CC series သစ်ရဲ့ ပထမဆုံး ဖုန်း ၃ မျိုးကတော့ ဈေးကွက်ထဲ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         အကြမ်းဖျဉ်းပြောရရင် Xiaomi Mi CC series ဟာ ဘက်ထရီပါဝါနဲ့ဆယ်လ်ဖီစွမ်းရည်ကောင်းတဲ့ ဖုန်းတွေလို့ဆိုနိုင်ပါတယ်။ Xiaomi ဟာ Mi CC9 ၊ Mi CC9e နဲ့Mi CC9 Meitu Edition ဆိုပြီး ဖုန်း ၃ မျိုး ကြေညာခဲ့တာဖြစ်ပြီး သုံးမျိုးစလုံးဟာ အလတ်တန်းစားမော်ဒယ်တွေအဖြစ် ထွက်လာခဲ့တာပါ။



         Mi CC series အဖြစ် ထွက်လာတဲ့ ဖုန်းသစ် ၃ မျိုးစလုံးဟာ ကျောဘက် ကင်မရာ ၃ လုံးပါရှိပြီး သုံးထားတဲ့ ကင်မရာ specs ချင်းလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒီဖုန်းတွေဟာ ကျောဘက်မှာ 48MP ကင်မရာ ၊ 8MP ultra-wide ကင်မရာနဲ့2MP depth sensor ဆိုပြီး ကင်မရာ ၃ လုံး သုံးထားပါတယ်။

Mi CC9 ( Photo: tocuz)

         ကျောဘက်ကင်မရာတွေဟာ Super Night Mode ၊ Portrait Mode ၊ HDR ၊ Panorama ၊ 4K ဗွီဒီယိုရိုက်ကူးမှု ၊ 960fps နှုန်းနဲ့slo-mo ဗွီဒီယိုရိုက်ချက်တွေ ရိုက်ကူးနိုင်မှာပါ။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာဟာလည်း Xiaomi ရဲ့ အကောင်းဆုံး ဆယ်လ်ဖီကင်မရာစနစ်လို့ပြောနိုင်တဲ့ 32MP ကင်မရာ ဖြစ်ပြီး Xiaomi ရဲ့ ကိုယ်ပိုင် AR emoji နည်းပညာသစ် Mimoji Shooting ၊ AI Portrait Mode ၊ 3D Beauty စနစ် အပြင် မျက်နှာပြင် မှတ်သားမှု ၊ AI နဲ့အလှပြုပြင်မှုများလည်း ပါဝင်လာပါတယ်။

         Xiaomi Mi CC9 ဟာ မျက်နှာပြင် ၆.၃၉ လက်မ Super AMOLED dispaly သုံးထားပြီး ကျန်တဲ့ ဖုန်း ၂ မျိုးလိုပဲ waterdrop notch ၊ 18W fast charging ပါတဲ့ 4030mAh ဘက်ထရီ နဲ့လာပါတယ်။ processor မှာတော့ mid-range chipset ဖြစ်တဲ့ Snapdragon 710 processor သုံးထားပြီး Android 9 Pie ကို အခြေခံထားတဲ့ MIUI 10 ထည့်သွင်းထားပါတယ်။

Mi CC9e ( Photo: firstpost)

         Meitu Edition ဟာ Xiaomi Mi CC9 နဲ့ဆင်ပြီး ဆယ်လ်ဖီကင်မရာပိုင်းမှာ vlogger တွေအတွက် ရည်ရွယ်ပြီး AI Low Light Portrait Mode ၊ Movie Portrait နဲ့Full Body Beauty Filters နည်းပညာတွေ ထည့်သွင်းထားပါတယ်။ နောက်ထပ် vlog mode တစ်ခုကတော့ ရုပ်သံရိုက်ကူးရာမှာ ရုပ်ငြိမ်စေမယ့် video stabilization စနစ်ပါလာတာပါ။

         Xiaomi Mi CC9 ဟာ RAM 6GB / 8GB ၊ storage 64GB/128GB ဗားရှင်းတွေနဲ့လာပြီး Mi CC9 Meitu Edition ကတော့ RAM 8GB/256GB storage တစ်မျိုးကို ပုလဲဖြူကာလာ တစ်ရောင်တည်းနဲ့ထွက်ထားတာ ဖြစ်ပါတယ်။ Xiaomi Mi CC9 ကတော့ အဖြူ ၊ အပြာ နဲ့အနက် ကာလာတွေနဲ့ထွက်ထားပြီး အနိမ့်မော်ဒယ် 6GB/64GB အတွက် ၁၇၉၉ ယွမ် ( မြန်မာငွေ ၄ သိန်းခန့်) နဲ့အမြင့်မော်ဒယ် 6GB/128GB အတွက်၁၉၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၄ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။

Mi CC9 Meitu Edition ( Photo: hindustantimes)

         Essential Edition အဖြစ် ထွက်လာတဲ့ Xiaomi Mi CC9e ဟာ မျက်နှာပြင် ၆ လက်မ 720p AMOLED display သုံးပြီး hardware specs အကုန်လုံးနီးပါးဟာ Xiaomi Mi CC9 နဲ့ဆင်ပါတယ်။ CC9e ဟာ Snapdragon 665 processor သစ်နဲ့လာပြီး RAM / storage အနေနဲ့4GB/64GB ၊ 6GB/64GB နဲ့6GB/128GB သုံးမျိုးထွက်ထားပါတယ်။ ဒီဖုန်းကတော့ အနိမ့်ဆုံး ၁၂၉၉ ယွမ် ( မြန်မာငွေ ၃ သိန်း နီးပါး) ကနေ အမြင့်ဆုံးဈေး ၁၅၉၉ ယွမ် ( မြန်မာငွေ ၃ သိန်းခွဲကျော်) အထိ ကျသင့်မှာပါ။

Xiaomi Mi CC9 Meitu Edition ကတော့ ၂၅၉၉ ယွမ် ( မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က