ဝီလီယံကတော့ ရော့ဒေးလ်၊ အယ်လ်မာ၊ ပါတီဇန်တို့နဲ့ပွဲတွေမှာ ပါဝင်ကစားပေးထားသူဖြစ်ပြီး ဂါနာကလည်း ပါတီဇန်နဲ့ပွဲမှာ ပွဲထွက်ခဲ့ရပြီး နော်ဝှစ်ချ်နဲ့ပွဲမှာ လူစားလဲလှယ်ကစားခွင့်ရရှိခဲ့ပါတယ်။
ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ဒီနေ့ညမှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဂါနာ နဲ့ ဝီလီယံတို့ကို ထည့်သွင်းကစားဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ပြောဆိုခဲ့တာဖြစ်ပြီး လူငယ်ကစားသမားနှစ်ဦးကို အခွင့်အရေးပေးလာဖွယ်ရှိနေပါတယ်။
နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရရှိထားပြီး အန်သိုနီမာရှယ်လည်း ပြန်လည်ကစားပေးနိုင်ပြီဖြစ်ပေမယ့်လည်း ဆိုးလ်ရှားက ဖလားပြိုင်ပွဲမှာ လူစာရင်းကို အပြောင်းအလဲပြုလုပ်ချင်နေတာဖြစ်ပါတယ်။ ဘရန်ဒန်ဝီလီယံ နဲ့ ဂျိမ်းစ်ဂါနာတို့ကို စတန်းဖို့ဒ်ဘရစ်ချ်ဆီသွားရောက်မယ့် အသင်းလူစာရင်းမှာ ထည့်သွင်းခဲ့ပြီး ပွဲထွက်စေဖို့ရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်တော့ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ရင်ဆိုင်ခဲ့ဖူးပြီး လေးဂိုးပြတ်အနိုင်ရရှိထားခဲ့ပါတယ်။
ဝီလီယံကတော့ ရော့ဒေးလ်၊ အယ်လ်မာ၊ ပါတီဇန်တို့နဲ့ပွဲတွေမှာ ပါဝင်ကစားပေးထားသူဖြစ်ပြီး ဂါနာကလည်း ပါတီဇန်နဲ့ပွဲမှာ ပွဲထွက်ခဲ့ရပြီး နော်ဝှစ်ချ်နဲ့ပွဲမှာ လူစားလဲလှယ်ကစားခွင့်ရရှိခဲ့ပါတယ်။ "သူတို့ကို ထည့်သွင်းကစားဖို့ ကျွန်တော်စဉ်းစားနေပါတယ်၊ ဂျင်မီက နော်ဝှစ်ချ်နဲ့ပွဲမှာ ၁၀မိနစ်၊ ၁၅ မိနစ်လောက်ကစားခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်၊ ဆုံးဖြတ်ချက်ကောင်းတွေချမှတ်ဖို့ ကျွန်တော်စိတ်အေးအေးထားသွားမှာပါ"
"လက်ရှိမှာ ဆုံးဖြတ်ချက်မချရသေးပေမယ့် သူတို့နှစ်ဦးကတော့ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်၊ သူတို့နှစ်ဦးက ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့ပြီး လူငယ်ကစားသမားတွေဖြစ်ပါတယ်၊ သူတို့ကို ကြီးလေးတဲ့တာဝန်တွေ ကျွန်တော်မပေးနိုင်သေးပေမယ့် ပိုင်ဆိုင်ခွင့်ရထားတာကိုတော့ ကျေနပ်မိပါတယ်" လို့ ဆိုးလ်ရှားက ပြောသွားခဲ့တယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။