ပြောချင်ဇောကြီးသွားတတ်ကြတယ်။

ရတနာမိုင်ဟာ ‘The Mask Singer Myanmar’ ပြိုင်ပွဲမှာ ဆယ်လီစုံထောက်တွေ အချင်းချင်း စနောက်ပြီး စကားပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘယ်သူမှန်းမသိတဲ့ ပြိုင်ပွဲဝင်တွေကိုလည်း စနောက်ရတာ ပျော်ဖို့ကောင်းတယ်လို့ ပြောပါတယ်။

Photo: Yadanar My



ရတနာမိုင်ကတော့ ‘The Mask Singer Myanmar’ သီချင်းဆိုပြိုင်ပွဲမှာ ဂီတနယ်ပယ်က ဆယ်လီစုံထောက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ တစ်ယောက်နဲ့ တစ်ယောက် စနောက်ဖြစ်တဲ့ အမှတ်တရတွေကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“ဒီလူကို သိပြီဆိုရင်တော့ စကြပေတော့ပဲ။ မသိသေးရင်တော့ကိုယ်တွေ ၄ယောက်က ကြောင်အမ်းအမ်းနဲ့ပေါ့ ဘယ်သူလဲ။ သိသွားရင်တော့ သူ့ကို ဖော်ရမယ့်အကွက်တွေ၊ နှိပ်ကွပ်ရမယ့် အကွက်တွေရှိတယ်။ ကိုယ်အရမ်းခင်တဲ့သူဆိုရင် ဘယ်တုန်းက၊ ဘယ်နေရာမှာလေ၊ ဘယ်လိုဖြစ်သွားတာလေ ဆိုပြီးတော့ ဖော်ပြီးစနောက်ကြတာပေါ့။ တမင်တကာ စနောက်ရတာဆိုတော့ ပျော်ဖို့လည်းကောင်းပါတယ်” လို့ သူကဆိုပါတယ်။

Photo: Yadanar My

ဆယ်လီစုံထောက်တွေ အချင်းချင်း ပြောကြဆိုကြရာမှာလည်း ရင့်သီးကြတယ်လို့ ပရိသတ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရတနာမိုင်က ဒီဇင်ဘာလ ၈ ရက်နေ့က ဠုန်ချီပရိဘောဂဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“ အဆိုတော်အချင်းချင်း ဒီအသံတွေ မသိဘူးလားလို့ပြောရင် ချက်ချင်းကြီးတော့ မသိသေးဘူးပေါ့နော်။ မင်းသားတွေဘာတွေဆိုလည်း မမခိုင်လေး၊ မမ မသိဘူးလားဆိုပြီးတော့ အချင်းချင်းပြောနေကြတာ အရမ်းပျော်စရာကောင်းပါတယ်။ အဓိက ကတော့ ကိုယ်တွေက အရမ်းပြောချင်ဇောနဲ့ ဖြစ်သွားတာ။ အပြင်မှာဆိုလည်း စ နောက်နေကြတာ ဟဲ့ Yes, No ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတော့ ဘာမှ မဖြစ်ဘူး ပျော်ပျော်ပါးပါးပဲပေါ့” လို့ သူကဆိုပါတယ်။

Photo: Yadanar My

The Mask Singer Myanmar သီချင်းဆိုပြိုင်ပွဲကြီးဟာ အနုပညာလောကက အဆိုတော်တွေ၊ သရုပ်ဆောင်တွေက မျက်နှာဖုံးအပြည့်စွပ်ပြီး သီချင်းဆိုပြရတာဖြစ်ပါတယ်။ ဒီမျက်နှာဖုံးရှင်ဟာ ဘယ်အနုပညာရှင်ဖြစ်မယ်ဆိုတာကို ပရိသတ်တွေနဲ့ ဆယ်လီစုံထောက်ကြီးတွေက အကဲဖြတ်ရတာဖြစ်ပါတယ်။ The Mask Singer Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဆယ်လီစုံထောက်တွေအနေနဲ့ ထွန်းထွန်း၊ အရိုင်း၊ ခိုင်သင်းကြည်နဲ့ ရတနာမိုင်တို့က ပါဝင်နေကြတာဖြစ်ပါတယ်။

Photo: Yadanar My

ရတနာ မိုင်ဟာ လက်ရှိမှာတော့ မိုင်လေး အင်တာတိန့်မန့်ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ သီချင်း အေးအေးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ မိခင်ဖြစ်သူ အဆိုတော်ကြီး မိုင် ရဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘’မလွမ်းပို’’ သီချင်းလေးကိုလည်း ပြန်ဆိုခဲ့ချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှု အများကြီး ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း သီချင်းအသစ်လေးတွေ လုပ်နေတယ်လို့ သိရပါတယ်။ သူမကိုတော့ ဂီတအလုပ်တွေမှာသာ မက သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ ဇာတ်ကားတွေရိုက်ကူးထားတာ တွေ့ရတတ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က