ကော့ကရိတ်မှာဖြစ်ခဲ့တာပါ။

ကော့ကရိတ်မြို့နယ်ထဲက တောနော်ရေတံခွန်မှာ ဆဲဖီလ် (Selfie) ရိုက်ဖို့ကြိုးစားရင်း အမြင့်ကနေ ပြုတ်ကျတာကြောင့် မိန်းကလေး ၂ ယောက် သေဆုံးမှုဖြစ်ခဲ့တယ်လို့ ကော့ကရိတ်နယ်မြေ ရဲစခန်းက သိရပါတယ်။

Photo - နေနော် (မြဝတီ)

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ ၃၀ လောက်က မဲဆောက်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတွေ အားလပ်ရက်ခရီးထွက်လာခဲ့ကြတာဖြစ်ပြီး ရေတံခွန်ကို လာရောက်လည်ပတ်ရာမှ ခုလို ဖြစ်ပွားခဲ့တာပါ။

"ဖြစ်စဉ်ကတော့ ဆဲဖီလ်ရိုက်ဖို့လုပ်နေရင်း တစ်ယောက်က ချော်ကျတာကို နောက်တစ်ယောက်က လိုက်ဆွဲဖို့လုပ်ရင်း ပေ ၂၀၀ လောက်ရှိတဲ့ အမြင့်က ပြုတ်ကျလို့ ကျောက်ဆောင်တွေနဲ့ရိုက်မိပြီး ၂ ယောက်စလုံး သေဆုံးသွားခဲ့တာပါ" လို့ ကော့ကရိတ်နယ်မြေရဲစခန်းက တာဝန်ရှိသူက Duwun ကို ပြောပါတယ်။

သေဆုံးသူ ၂ ဦးအနက် တစ်ဦးက နေရာမှာတင် သေဆုံးခဲ့တာဖြစ်ပြီး နောက်တစ်ဦးကတော့ မြဝတီဆေးရုံကို တင်ပို့ကုသနေစဉ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေကတော့ ဒိုက်ဦးမြို့နယ်က မစုမြတ်ဝေနဲ့ မြဝတီမြို့နယ်နေသူ မမျိုးနန္ဒာကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

သေဆံုးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေး ၂ ဦး ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ တော့ပ်ဖောင်းအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကြသူတွေဖြစ်ပြီး တနင်္ဂနွေနေ့ စက်ရုံပိတ်ရက်မှာ အလည်လာကြတဲ့ စက်ရုံအလုပ်သမတွေ ဖြစ်ကြပါတယ်။ ကော့ကရိတ်ရဲ့စခန်းကတော့ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးတာဟုတ် မဟုတ် စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က