သျှားထွဋ်အိန္ဒြာက လက်ရှိ ရပ်တည်နေတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ တခြားသူဆီက စပွန်ဆာယူတာမျိုးတွေ မရှိတဲ့အကြောင်းပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ရှိတဲ့ဝင်ငွေနဲ့ အဆင်ပြေအောင် နေတတ်တယ်လို့ ဆိုပါတယ်။
Photo: Shar Htut Eaindra
ပရိသတ်အချစ်တော် အလှမယ်လေး သျှားထွဋ်အိန္ဒြာက အခုလက်ရှိမှာ အနုပညာအလုပ်တွေ လုပ်လာရပြီဖြစ်ပါတယ်။ သူမဟာ ပရိသတ်အားပေးသူတစ်ယောက်ဖြစ်လာဖို့အတွက် စပွန်ဆာ ရှာစရာမလိုဘူးလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ သျှားရဲ့ မိဘတွေကလည်း ဒီနေ့၊ ဒီအရွယ်အထိ သူများရဲ့ ပေးစာ၊ ကမ်းစာ နဲ့ မရှင်သန်ရအောင် သျှားကိုထားတယ်။ သျှားကိုယ်တိုင်ကလည်း မရှိရင်ဘာမှ မဖြစ်ဘူး။ ရှိလည်း ဘာမှမဖြစ်ဘူးပေါ့နော်။ တချို့တွေကျတော့လည်း ဒီလောကကြီးမှာ ရပ်တည်ရတာ တချို့တွေက ခက်ခဲတာတွေရှိတယ်။ တချို့ကျတော့လည်း ဘဝရပ်တည်မှုကြောင့်၊ တချို့ကျတော့လည်း မိသားစုကြောင့် အကြောင်းအမျိုးမျိုးရှိတာပေါ့နော်။ ဒါပေမယ့် သျှားကတော့ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် မထားဘူး၊ လိုအပ်လာရင်လည်း မထားဘူး’’ လို့ ဇွန်လ ၆ ရက်နေ့က D&C ဆိုင်သစ်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Dior
အဲဒီနောက် သူမဟာ ရှိတဲ့ ငွေကြေးပေါ်မှာပဲ အဆင်ပြေအောင်၊ ရောင့်ရဲတင်းတိမ်အောင် ခြိုးခြံချွေတာပြီးတော့ သုံးတယ်လို့ သျှားထွဋ်အိန္ဒြာက ပြောပြခဲ့ပါတယ်။
‘’ သျှားဆိုရင် တန်ဖိုးကြီးပစ္စည်းတစ်ခုကို သုံးပြီးသွားရင် အဲဒီအပေါ်မှာပဲ စွဲလမ်းသွားတာလေ။ ဘာကြောင့်လဲဆိုတော့ ကွာတာကလည်း ကွာတယ်လေ။ တန်ဖိုးခြင်းတွေကလည်း ကွာတယ်။ အရည်အသွေးတွေကလည်း ကွာတယ်ဆိုတော့ အဲဒီအပေါ်မှာ စွဲလမ်းတတ်သွားတာတွေရှိတယ်။ အဲဒါကို ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ပဲလိုတယ်။ ကိုယ့်ဘဝက ဘာလဲ၊ ကိုယ်က ဘယ်လောက်ရှာနိုင်လဲပေါ့နော်’’ လို့ ဆိုပါတယ်။
Photo: Shar Htut Eaindra
ပရိသတ်လက်ခံလာတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့် အသုံးအစွဲကို သေသေချာချာ စဉ်းစားချင့်ချိန်သုံးတယ်လို့ သျှားထွဋ်အိန္ဒြာက ဆိုပါတယ်။ အရင်တုန်းကတော့ အရမ်းကို ကပ်စေးနဲခဲ့တဲ့ ကောင်မလေးပါတဲ့။
‘’ အရင်တုန်းကဆိုရင် သျှားက အရမ်းကပ်စေးနဲတယ်။ မသုံးချင်ဘူး နှမြောတာပေါ့နော်။ ဒါပေမယ့် သေချာပြန်တွက်ကြည့်လိုက်တော့ ဒီပိုက်ဆံတွေ ဘာရောက်သွားလဲဆိုတော့လည်း ဘာမှ မယ်မယ်ရရမသိတော့ဘူး။ အဲဒါနဲ့ နောက်ကျတော့ ကိုယ့်ဘာသာကိုယ် တန်ဖိုးကြီးပစ္စည်းတစ်ခုကို ဝယ်ထားလိုက်တယ်။ ပြီးရင်တော့ ကိုယ့်ဘာသာကိုယ် ရောင့်ရဲတင်းတိမ်ပြီးတော့ နေလိုက်တယ်’’ လို့ သူကဆိုပါတယ်။
သျှားထွဋ်အိန္ဒြာ ဟာ Miss Universe Myanmar 2014 ရရှိထားတဲ့ အလှမယ်လေး တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူမဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်တာကြောင့်လည်း မကြာခဏ သူငယ်ချင်းတွေနဲ့ အတူ ခရီးတွေ သွားနေတာ တွေ့ရပါတယ်။
Share