၂၀၂၀ အထိ အသင်းမှာဆက်ရှိနေမယ့်စာချုပ်ပါ။

ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းတဲ့ကာလရှည်စာချုပ်ကြောင့် မပျော်မရွှင်ဖြစ်နေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းပယ်ခဲ့သူဖြစ်ပါတယ်။

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဖယ်လိုင်နီကို အေစီမီလန်အသင်းက စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းကလည်း ဖယ်လိုင်နီနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဘယ်လ်ဂျီယံမီဒီယာတစ်ခုဖြစ်တဲ့ HLN ရဲ့သတင်းအရ ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ဆက်လက်ရှိနေတော့မယ်လို့ သိရပါတယ်။

 

ဖယ်လိုင်နီက ၂၀၂၀ ခုနှစ်အထိ အသင်းမှာ ဆက်လက်ရှိနေမယ့်စာချုပ်သစ်ဟာ အိုးထရက်ဖို့ဒ်မှာ သက်တောင့်သက်သာရှိစေတာကြောင့် ပျော်ရွှင်ကြောင်း ပြောကြားခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ ဖယ်လိုင်နီဟာ အင်္ဂါနေ့က နောက်ထပ်အသင်းတစ်သင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မယ်လို့ ကြေညာခဲ့သူဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက်ကို ကြေညာမယ်လို့ ပြောကြားထားပါတယ်။

"ကျွန်တော် နောက်နှစ်မှာ ဘယ်အသင်းကို သွားရောက်ကစားရမယ်ဆိုတာ သိပါတယ်။ အဲဒါက ကမ္ဘာ့ဖလားက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အပေါ်မှာ ဘာမှသက်ရောက်မှုရှိမှာမဟုတ်ပါဘူး"

"စာချုပ်ကတော့ ချုပ်ဆိုခဲ့ပြီးပါပြီ။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ကြေညာပေးသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က